Monday, May 28, 2012
ကောင်မလေးရဲ. မိုးလေ၀သ
ငါ့မှာ….
သုံးရာသီကိုတစ်ရက်စွန်းတဲ့အထိ
မင်းရဲ့မိုးတိမ်တွေနဲ့ပဲသာယာနေမိတယ်…
ကောင်မလေးရေ
မင်းဘယ်တော့ရွာချလိုက်မှာလဲ…!!!
မြေကြီးထဲက သံယောဇဉ်အမြစ်တွေ
အိမ်မက်နဲ့ပဲစိုစွတ်နေရပေါ့…။ ။
မိုးနဲ့လွမ်းလျှက်...ကျွန်တော်မိုးစက်
မိုးသဲည မီးကမလာ
ဝိုးတ၀ါး အလင်းလေးကမှိန်မှိန်
ဖယောင်းတိုင်လေး ထွန်းနေချိန်
ရင်ထဲကဝေဒနာတွေ စာလုံးများအဖြစ်ပြောင်းလဲစေ
ကဗျာဆိုတဲ့ ကာရန်တွေအောက်
ငါ့နှလုံးသားလေး ရောက်ရှိခဲ့ပြီ
အတွေးလေးတွေကဟို...အတိတ်ဆီ။ ။
ရင်ထဲအသဲက အသက်လောက်ချစ်သူ
မိုးရေတွေကြား တို့နှစ်ယောက်အတူတူ
ကောင်းကင်ကလည်းမိုးစက်တွေကျ
ကွက်လပ်
ငါ့ရဲ့ အကျည်းတန်ခြင်းတွေကြား
အလှပတရားကိုရှာတွေသတဲ့
ငါ့ရဲ့ ရင့်ရော်မူတွေမှာ
ပျိုမြစ်ခြင်းတွေရှိသတဲ့
"လေထုလေးအဖြစ်ပြန်လာပါရစေ.."
ကောင်ကင်နဲ့မြေကြီး မှာ
ငါဟာ လွင့်မျှော်နေတဲ့
တိမ်တွေ သာ ဖြစ်ခဲ့ မယ်ဆိုရင်
မြေကြီး ပေါ် က နင့်ကို
ရှင်သန်ခွင့်ပေးပါ
မစာနာတတ်ဘူး….
ကိုယ်ချင်းမစာတတ်ဘူး…
မညှာတာတတ်ဘူး…
အသည်းနှလုံးမရှိဘူး…တဲ့…
အဝေးရောက်ချစ်သူ
`` အဝေးရောက်ချစ်သူ´´
ချစ်သူ.......
တစ်ရွာမပြောင်   သူကောင်းမဖြစ် 
 စကာပုံတစ်ခုကို   အခြေပြုရင်  
 ပြည်မြန်မာနဲ့ခြား   တိုင်းတစ်ပါကို 
 အရောက်သွားကာ   စီးပွားရှာတဲ့
  ချစ်သူ..................။
ကိုအတွက်
ဟိုး ...အမြင့်ဆုံးကို
မော့ကြည့်လိုက်ပါ...ကို
နွေးထွေးမှုတွေကို ဆောင်ကြည်းပေးနေတဲ့...
.မိုးကောင်းကင်ကြီးဟာ...
နောက်ဆုံး ညနေ
နေ၀င်သွားပြီလေ
ဒါကိုကိုယ်သိပါတယ်
ချစ်သူရယ်
ညနေဆိုတာ
ပြစ်မထားပါနဲ့ ကို
ချစ် သာ အတောင်ပံတစ်စုံ
ရှိခဲ့မယ်ဆို
ကို ဆီကိုအရောက်ပျံလာခဲ့မှာပါ
ချစ်သာ တိမ်တိုက်ကလေးဆို
ကို ရှိတဲ့အရပ်ကို
ရွေ့လျားလာခဲ့မှာပါ
ချစ် သာကြယ်ပွင့်လေးတစ်ခုဆို
ကို ရှိနေမဲ့ နေရာကို
စောင့်ကြည့်နေမှာပါ
ချစ် သာလေပြေလေညှင်းလေးဆို
ကို ကို့အေးမြစေနိုင်မှာပါ
နှလုံးသားထဲကနေရာတစ်ခုမှာ
ကို ကလွဲလို့ တစ်ခြားတစ်ယောက်ကို
လက်ခံဖို့ဆိုတာ အခက်ခဲဆုံး အလုပ်ပါ
အနေတွေဘယ်လောက်ဝေးဝေး
အချိန်တွေဘယ်လောက်ပြောင်းပြောင်း
မိုင်တွေ ဘယ်လောက်ကွာကွာပါ
ကို ကို့ချစ်တဲ့စိတ်ကတော့
ဆံချည်မျှင် လောက်တောင်ပျက်မှာမဟုတ်ဖူးနော်
ဒီတော့လေ
ကို ကို့တမ်းတနေတဲ့
ကိုကို့လွမ်းဆွတ်နေတဲ့
ချစ်နှလုံးသားကိုတော့ အကြာကြီး ပြစ်မထားပါနဲ့နော်
Friday, May 25, 2012
★နားမလည်နိုင်သော ချစ်သူ ♪♫★“ ကြယ်တွေစုံတဲ့ည ”♪♫★"ဇွဲကပင်မြေမှ ဖားစည်သံနှင့်အတူ(ချစ်သောနော်မေဖေါ့)"♪♫★“နှလုံးသား မြို့တော်”♪♫★★“ ဘ၀နဲ့ ကဗျာ ”♪♫★“ နှစ်ကိုယ်တူ ချစ်သမျှကို”♪♫★“ ချယ်ရီသက်သေ တည်ပါစေ ”♪♫★“ အချိန်နဲ့ နေရာ ”♪♫”♪ ကာလာစုံတွေကြားထဲက အဖြူရောင်သူငယ်ချင်း♫★မမုန်းရင်ပြီးတာဘဲ♪♫★Available♪♫
★နားမလည်နိုင်သော ချစ်သူ ♪♫
ချစ်သူ အပြစ်မယူပဲ နှစ်အတူပေါင်းသင်းဖို့ရာ
သစ္စာကိုတစ်ခဏ မေတ္တာကိုအလှနဲ့
ချစ်တာတွေကို မျှဝေပေးလို့မရပါဘူးနော်….
မင်းနဲ့ငါ အယူအဆ ခုတစ်ခါမှားခဲ့ရင်
နားလည်နိုင်ပါ့မလား….
║♥ ကဗျာမဟုတ်တဲ့ကဗျာ ရင်ထဲကစာသား ♡ ▌ ║♥ အချစ်လူစွမ်းကောင်း ♡ ▌ ║♥ မလျော့တဲ့အချစ် ♡ ║♥ စာနာပေးပါ ♡ ▌ ║♥ ရာဇဝင်တွေ ငါမသိဘူး ♡ ▌ ║♥ မှင်နီနဲ့တားချင်သူ ♡ ▌ ║♥ အချစ်=ကြောင့် ♡ ▌ ║♥ ရင်မှာ ကြွေစရာ ဒီအသည်းလား ♡ ║♥ ပြုစားရဲသူ ♡ ▌ ║♥ ဖြစ်တည်ရာ လိုအင်ဆန္ဒ ♡ ▌ ║♥ တန်းရာတန်းကြေး ♡ ▌♪♫ ║♥ သိနိုင်ပါစေ ♡ ║♥ မညာပါနဲ့တော့ ♡ ▌
║♥ မညာပါနဲ့တော့ ♡ ▌
ဝိုးတဝါးဖြစ်စဉ် ရင်မှာ အမြစ်တွယ်နေခဲ့ပြီးပဲ
ကောင်မလေးရယ် မင်းမညာပါနဲ့တော့ မင်းညာထားတဲ့
♪ အဖြည့်ခံ ကဗျာ♫ /★ဝေးကြပြီပေါ့ မိသန္တာ♪♫ / ★ဘ၀ လက်တွဲဖော်♪♫ / ★နေမြင်ချိန်တိုင်း ရူးနေသူ♪♫ / ★ထားသခင်♪♫ / ★ေ၀၀ါးတုန်းပါပဲ♪♫ / ★ ရူးသွပ်မိတဲ့ ပန်းကလေး♪ / ★ကြင်နာတဲ့ ဆေးပေးပါ♪♫ / ★နေခြည်..♪♫ / ★ကြွေလွင့်ခဲ့ပြီ♪♫
♪ အဖြည့်ခံ ကဗျာ♫
သတိရခွင့်ရှိသလောက်
သတိရနေမယ်.....
ရေရာမသိတဲ့ နေရက်တချို့
ခံစားချက်ကြောင့် ကြည်နူးမိတယ်.....
★ပန်းလေး တပွင့်လို ကြွေ♪♫ / ★ပင်မြင့်စံ သစ်ခွသို့♪♫ / ★ငါကသစ်ငုတ် မဟုတ်♪♫/ ★တိမ် ပန်းချီ♪♫/ ★အချစ်နဲ့ မြစ်ရဲ့ မာယာ♪♫ / ★သစ်သီးတလုံး စားသုံးမိယုံနဲ့♪♫/ ★နှင်းဝေေ၀♪♫/ ★2010..နောက်ဆုံး ရွက်ကျန်♪♫/ ★ကြယ်စင်ရိပ်♪♫
အချစ်ကဗျာများ
★ပန်းလေး တပွင့်လို ကြွေ♪♫
စက်တင်ဘာ မိုးစက်ကြားမှာ
ငါရင်ထဲက အလွမ်းနာ...
★မုတ်သုန် သို့..♪♫/ ★စည်းလေးတမျှင်♪♫
★မုတ်သုန် သို့..♪♫
အနောက်တောင်ဆီက
မုတ်သုန်မိုး..
ရေခိုးရေငွေ့..တစ်ပွေ့တစ်ပိုက်နဲ့
ဆိုက်ဆိုက်မြိုက်မြိုက်..မေလလယ်
★လူကြီးမင်း ခေါ်ဆိုသော...♪♫ / ★ ရွေးခြယ်ခွင့်♪♫ / ★သံလှောင်အိမ်♪♫ / ★ကိုယ်တို့ ယောက်ျား W သုံးလုံးကြိုက်သတဲ့♪♫ / ★ယုံကြည်ချက်♪♫
★လူကြီးမင်း ခေါ်ဆိုသော...♪♫
ငါ့ရဲ့နိုးစက်..ငှက်ကလေးတွေ
နေ့သစ်ကိုကြို .. တေးဆိုကြပြီ...
ကဲ..အိပ်ယာထ
သင့်တင့်စွာဝတ်..မျှတစွာစား
တစ်နေ့တာ.ပြေးလမ်းမှာနေရာယူ..
Friday, May 18, 2012
ဟာသလေးပါ
၁)။ဘယ်သွားနေလဲ မောင်ရေခဲ---------------------- Internet ဆိုင်ကိုသွားလို့ဆို ..။ ဘာသွားလုပ်လဲမောင်ရေခဲ ------------------------ ပညာသတင်းစုံလေ့လာကုန် ….။ဘာသိခဲ့လဲမောင်ရေခဲ ------------------------- ခြင်ကိုက်လိုင်းစုတ် Connection ပြုတ် ။
ဘယ်လောက်ကုန်လဲမောင်ရေခဲ------------------- တစ်နာရီ (၅၀၀)မတန်ပါ ။
Thursday, May 17, 2012
လူသတ်လက်နက်
လူသတ်လက်နက်
နေမင်းနီ
“နံရံကို ဖြိုမယ့်အစား
တံခါးပေါက်ဆီ
သွားပါလား” ... တဲ့။
သစ္စာဖောက်ရဲ့စကား
တောက်ခေါက်ပြီး ပြန်ကြားလိုက်မယ်
“တံခါးပေါက်ရဲ့နောက်
ချောက်” လို့ ...။ ။
ယုံ၍ အစားခံရသူများ
ယုံ၍ အစားခံရသူများ
သီတာအောင် (ဂျပန်)
ငယ်စဉ်က ပုံပြင်တပုဒ်
ခြင်္သေ့မင်းက ဟန်လုပ်လို့
နာမကျန်းချင်ယောင်ဆောင်
ဥပုဒ်ပါစောင့်တဲ့သတင်း
ဒလန်ကိုမြေခွေးက
တွင်တွင်ကြီးဖြန့်ရင်းပေါ့။
မမေ့ကြပါနဲ့
မမေ့ကြပါနဲ့
ဖိုးသိကြား
ခုချိန်မှာ အားလုံးရဲ့နှုတ်က
တဖွဖွမချ ပြောနေကြတာ
ဗိုလ်ချုပ် ... ဟုတ်တယ်
ကျနော်တို့ရဲ့ဗိုလ်ချုပ်
လွတ်လပ်ရေးရဲ့ဖခင်
ကျနော်တို့ရဲ့ကျေဇူးရှင်
သခင်အောင်ဆန်းလေ
ဒါပေမယ့်ပေါ့ဗျာ ...
ဗိုလ်ချုပ်ကိုလည်း သတိရပါ
ယုံကြည်ချက်မှ အကျဉ်းကျတွေကိုလည်း
မေ့မထားကြပါနဲ့ ...။
အမ်စတာဒမ်မှာ ဆုံကြမယ့် နိုင်ငံတကာရောက် ရဲဘော်များ
အမ်စတာဒမ်မှာ ဆုံကြမယ့်
နိုင်ငံတကာရောက် ရဲဘော်များ
မင်းကိုနိုင်
ကျနော်တို့ဟာ
မုန်တိုင်းကို ဆန်ရင်း
သင်းကွဲကြတဲ့ ငှက်အုပ်ပါ။
လမ်း / နှောင်းလူတို့၌ ဖြစ်ကြကုန်၏ / ထာဝရကြယ်
လမ်း
ပိုင်စိုးဝေ
လမ်းပျောက်ခြင်းအကြောင်း
လမ်းလျှောက်ရင်း စဉ်းစား
စဉ်းစားရင်း လမ်းလျှောက်
လမ်းပျောက်ခဲ့ အကြိမ်ကြိမ်။
မမေ့လျော့ခြင်း /မြှုံးထဲကည / ခပ်ညံ့ညံ့ ရာသီဘွဲ့ / ညရထား
မေ့လျော့ခြင်း
သုခမိန်လှိုင်
အလို ...
ထူးဆန်းလိုက်တဲ့ ရင်ခွင်
အလွမ်းတွေ ပွင့်ဝေပြီး
နိုးထလာခဲ့တယ်။
အန်စာတုံး
အန်စာတုံး
နိုင်းနိုင်
ကျုပစ်ကစားနည်းတခုလို
ညှိယူဖို့ကလည်း
အချိန်မရှိတော့ပါဘူးတဲ့။
အကြီးမားဆုံး အတောက်ပဆုံး ကြယ်တံခွန်ကြီးတွေက သားကို သနားကြတယ်။ ခမ်းနားခြင်း နက်ရှိုင်းခြင်း ပင်လယ်ကြီးတွေက သားအတွက် ၀မ်းနည်းနေကြတယ်။ အေးအေးမြမြ ပြည့်ပြည့်၀၀ လမင်းကြီးကလည်း သားအတွက် ကရုဏာသက်နေရှာရဲ့။ တောအုပ်ကြီးတွေ တောင်တန်းကြီးတွေ ကောင်းကင်၊ မြေပြင် ကမ္ဘာတခွင်လုံး အမေ့ဂုဏ်အလင်္ကာ ခိုင်းနှိုင်းလောက်စရာ သား ဘာတခုမျှ မတွေ့ပါလား။ အမေ ... အမေ ... ... အမေ ... ... ... အဲဒီလောက် ခြောက်ခြောက်ကပ်ကပ် သံသရာကြီးထဲမှာ သားကို ထားခဲ့ပြီလား။ ။ သုခမိန်လှိုင်
အမေ
သုခမိန်လှိုင်
အမေကို ဖွဲ့ဆိုဖို့
သား
စကြ၀ဠာကြီးထဲကို ထွက်ခဲ့တယ်။
အိပ်ရာဝင်ခြင်း
အိပ်ရာဝင်ခြင်း
နိုင်းနိုင်
ငါက
ပေါင်မုန့်ကို ဖဲ့စားတယ်။
ပေါင်မုန့်က ငါ့ကို ပြန်ဖဲ့စားတယ်။
Wednesday, May 16, 2012
ကိုယ်တိုင်ရေးရာဇ၀င
အမှားမှားအရွင်းရွင်း
နိုးထခဲ့တဲ့ လူတယောက်ပေါ့...
အဲ့ဒီမှာ သခင်စွန့် သွားတဲ့
ပန်းတပွင့် ပွင့်ခဲ့ဖူးတယ်။
အိမ်မက်ဆိုး
ရင်ခုန်ရယုံ ချစ်ခဲ့ကြတာမျိုးမှ
မဟုတ်တာပဲကွာ။
ရင်ထည်းကမလာတဲ့ စကားတွေနဲ့ 
ပြစ်ခွင်း...
Sunday, May 13, 2012
။။။။။။။။။။။အမေ။။။။။။။။။။။
အမေ့လှေမှာ
သားသမီးတွေလာ
တသက်စီးတော့
လှိုင်းမကြီး လေမထန်
ရေဆန်ကို အမေမမှု့
အန်တုလို့ ပြုံးရွှင်လန်း.....။
ကောင်မလေးရေ......။
ကောင်မလေးရေ......
နင်မရှိတော့ မှ......
ရွက်ခြောက်တွေကို  လှေလုပ်စီး....
မျက်ရည်မြစ်ကြီးမှာလည်း....
အဆွေးတွေနဲ့ စီးမျော....
မပြီးနိုင်တဲ့  အချိန်ရဲ့ သဘောကို
လွမ်းချင်းတွေနဲ့ ရောဖူးတယ်...
အိုပါယ်
အိုပါယ်တဲ့လားကွယ်
နားခါးလိုက်စမ်းပါဘိ.....
ငါတို့ရဲ့ တစ်ချိန်က သန်မာခဲ့တဲ့ အားအင်တွေ
ရှင်သန်ခဲ့တဲ့ မျှော်လင့်ချက်တွေ
ဒီအချိန်မှာ
လေလွင့်ငှက်ရဲ့ စေတသိက်များ....။
ဆန္ဒတွေ ခါးတဲ့နေ့မှာ
နာရီသေ  အချိန်ချဲ့
သောကငှက်  ဌာနေပျောက်တယ်.........
မင်းအရှင်သတ်လို့ရတဲ့ ရင်ဘတ်နဲ့လူ
အတိတ်ရဲ့ မျဉ်းကြောင်းပေါ်မှာ
အသဲကွဲစာသားတွေနဲ့
ကဗျည်းမထိုးချင်ဘူး.........
နွေခေါင်ခေါင် လရောင်ပျောက်တဲ့
ငတ်မွတ်မှုမျိုးက
ဘယ်တော့များမှ ပြန်လာမှာလဲလေ.........
ဖော်ညွှန်းရာ....။
ကဗျာ.....
ကာရန်ကြိုး  မိုးသို့ချည်
နဘေစည်းထပ်  မြတ်သောအင်္ဂါ
စကားလုံးသီရာ  ရေးသွင်း
ဒဏ်ရာမဲ့တေးချင်းတော့   ဖြစ်မလာဘူး......
ချစ်သူသိပါစေ
ချစ်သူသိပါစေ
ပျော်စေချင်ပါတယ် ချစ်သူ
ဒါပေမဲ.
ငါ.ကိုတော...
မျှော်မနေရအောင်လုပ်ပေးပါ။
သစ္စာရှိပေးပါ.မယ်
မျှော်လင့်ခြင်းအိပ်မက်
သန်းခေါင်ယံနိုးတစ်ဝက်
အိပ်မက်က ၀ိုးတစ်ဝါး
ပူဆွေးတဲ့ ၇င်အစုံနဲ့
မျက်ဝန်းမှာ မျက်၇ည်စက်တွေ။
အာသီသ
မြွေတစ်ကောင်လို
တကိုယ်လုံး အရေခွံတွေ ခွါပစ်လိုက်ချင်တယ်၊
ခဏ ဘ၀ မှာ
ဘ၀ ခဏ သစ်ချင်လို့ ။
သံမှိုစွဲနေတဲ့ အကျီ င်္ အဟောင်းကို ၀တ်ထားရတာ
ကျောမလုံချင်တော့ဘူး။
အနံ့လား ရနံ့လား
နှာစေးနေတဲ့ ငါက သိပ်မကွဲပြား၊
ငါ့ကိုချည်နှောင်နေသော
ကြိုးတွေ ........ကြိုးတွေ.......
လောကဓံ ရိုက်ချက်ပေါ် မလူးသာ .. မလွန့်သာပေါ့။
ဒါတောင်......ချည်တိုင်က မခွါနိုင်သေး
အစေးကပ်နေတဲ့ သွေးကြောင်ထင်။။
ငိုရပြီပေါ့ ...မနက်ဖြန်ရေ
အဝေးက ကြိုးတစ်ချောင်း
ဟုတ်တယ်............
အဲဒီ ကြိုးနဲ့ ........အဲဒီကြိုးတွေ...
ပဋိပက္ခ ဖြစ်နေပုံများ
လှေနံနှစ်ဖတ်ကို ဓါးခြင်း ယှတ်လိမ်ထားသလို.။
အနာတရ အပွန်းအပဲ မရှိပါဘဲ
တစ်ဖက်တစ်ချက်ဆီက
အသွေးအသားတွေ မဆူမပွပ်
မျက်ရည်မြစ်ထဲ
ကိုယ့်ကိုကိုယ် ခုန်ချလိုက်တော့မယ်......................။
အမေများနေ.အမှတ်တရ
မေမေ
 အဝေးတနေရာက ...လွမ်းနေတဲ.သားလေးတယောက်ရှိတယ်ဆိုတာမေမေသိပါစေနော်..
မေမေ...သားမေမေခြေအစုံကိုလာေ၇ာက်ဦးခိုက်လို.မရပေမဲ......အဝေးတနေဦးခိုက်လိုက်ပါတယ်နော်..
မေမေ...သားတို.ရဲ.မာတာမိခင်ကျေးဇူးရှင်..သားတို.ရဲ.အသက်သခင်ကျေးဇူးရှင်ပါမေမေရယ်
ဒီအချိန်မှာသား..မေမေအနားမှာရှိနေချင်တယ်...မေမေရင်ခွင်ကိုခေါင်းလေးဝှေ.ပြီးတော.နေချင်တယ်..
မေမေရယ်..နို.ချိုတိုက်ကျွေး..ရင်ခွင်လေးကို..အရမ်းလွမ်းတယ်မေမေရယ်... သားတို.ငယ်ငယ်ကျောင်းနေရွယ်မှာ....မေမေလိုက်ပို.ထမင်းခွံတဲ.လက်လေးတစုံ...တမ်းတမိတယ်မေမေရယ်..
 တမ်းတလွမ်းလျှနေတဲ.မေမေမျက်နှာကိုသားမြင်ချင်လိုက်တာမေမေရယ်...မေမေ...သာဆိုးခဲ.မိုက်ခဲ.တာတွေကို
ဒီကနေပဲသားရှိခိုးဦးခိုက်တောင်းပန်လိုက်ပါတယ်မေမေရယ်.....
ဖေဖေရေ.....................
ဖေဖေရေ.....................
ဖေဖေဘယ်ဘုံဘယ်ဘ၀မှာရောက်နေပါလိမ့် ။
ဖေဖေ့ကိုသားအိပ်မက်မက်တယ်သားတို့ သားအဖတစ်တွေအတူသွားခဲ့ တဲ့ ဆင်ခေါင်းတောင်မှာလေဖေဖေကိုသားပြန်တွေ့ တယ်တဲ့ ။
သားလေအိပ်မက်ထဲမှာပျော်လိုက်တာဖေဖေရယ်..........................
အိပ်မက်မက်နေမှန်းသိတော့ သားလေအရမ်းဝမ်းနည်းသွားတာပဲ။
Friday, May 11, 2012
ကောင်းကင်ကြိုး၏ ဖွဲ့ဆိုရာ...။
ကောင်းကင်ကြိုး၏ ဖွဲ့ဆိုရာ...။
ပြတင်းတစ်ချပ် မနက်အလှစ်
နေ......
အလင်းရောင်.....
ဆာလောင်မှု့......
အရင်လိုပဲ....""ကဗျာဆရာတစ်ယောက်ရဲ့  မနက်ခင်း"".......
ရင်ခွင်ဝေး....။
အမေ.....
မမွေးခင်က စလို့  ယုယ
ဝမ်းကြာတိုက်က ဘ၀မှာ....
အမေပေးတဲ့  မေတ္တာစား
သား..ပျှော်ပါးလို့  အားမွေးခဲ့ပါတယ် အမေ.......
Thursday, May 10, 2012
လေ၇ာင်လေး
      လေ၇ာင်လေး
ကျွန်တော် .............
လေ၇ာင်လေးကို ချစ်နေမိပေါ.
မမြင်ဘူးတွေ.နေတယ်
မပြောဘူကြားနေတယ်
မနမ်းဘူးမွှေးနေတယ်
တစိမ်.စိမ်.လေးပါဘဲ တေ၇ွေ၇ွ.ခွာသားတယ်
လ၇ိပ်ချိုဝေးဝေးသွားလေ
၇င်ထဲမှာမိုးမိုးလာတယ်
ဒီညလည်းလွမ်းငွေ.တဝေေ၀
ဆုတောင်းမိတယ်နင်ပျော်ပါစေးးးးး
းးးးးးးးးးးးးးးးးးးးးးးးးး(moe 00)
Monday, May 7, 2012
စဉ်သာချစ်ခွင့်ရစေသား
    စဉ်သာချစ်ခွင့်ရစေသား
                                          ချစ်သူ့သံစဉ်...ဒီရင်တွင်ငြိ..
                                         ဆွဲထိလှုပ်စေ... မြတ်နိုးဝေလို့..
                                         စဉ်သာကြားခွင့်... ရစေသား……။
ရင်ထဲမှာပဲငိုတော့မယ်
                                                   လွမ်းနေပါရစေတော့ကွယ်
                                                      အချစ်ဆိုတာထက်
                                                  အလွမ်းနဲ့ပဲ တန်တဲ့သူမို့ပါ
                                                         တကယ်တော့
Friday, May 4, 2012
ငါ့အနာဂတ်...
ငါ့အနာဂတ်...
ငါရည်ရွယ်ထားတဲ့ အနာဂတ်မှာ
ဂုဏ်တွေ၊ ငွေတွေ၊ ပကာသနတွေမပါဘူး
အေးဆေးတည်ငြိမ်တဲ့ ဘ၀လေးတစ်ခုပါ
ချစ်ခြင်းရဲ့နောက်ကွယ်မှာ
ချစ်ခြင်းရဲ့နောက်ကွယ်မှာ
................................
ရစ်နှောင်ဖွဲ့အခိုးငွေ့တွေက
ငါ့ကိုများဆက်သွယ်နေသလားမသိ
ဟန်မူယာအသွင်အပြင်တွေရဲ့
လောင်းရိပ်အောက်ကနေထွက်ခါဖို့
ငါ့ကိုငါမဝံ့မရဲဖြစ်နေခဲ့ရပြီ...။
အဖော်မဲ့တမ်းခြင်း
အဖော်မဲ့တမ်းခြင်း 
ရွှံ့နွံပြည့်နှပ်   ရေတွင်းပျက်တွင်
ကျင်လည်ကျက်စား   ရေနည်းငါးဟာ
ဘယ်အချိန်မှာ   ပျော်ရွှင်
Wednesday, May 2, 2012
လရောင်စောင့်တဲ့ ပင်လယ်(ပပသင်းစည်)
လရောင်စောင့်တဲ့ ပင်လယ်
ဆောင်းနှင်းမအေးလို့
နေပူစာ မလှုံတော့ဘူးလား
ဒါဆို နေရောင်လေး အလကားဖြစ်တော့မယ် …..။
လောင်ကျွမ်းခွင့် …(ပပသင်းစည်)
လောင်ကျွမ်းခွင့် …
နာကျဉ်မှုတွေက ကဗျာတစ်ပုဒ်ဆိုရင်
       အဲဒီစာမျက်နှာကို
            ငါ..ကျော်ဖတ်ပစ်လိုက်ချင်တယ်.