Monday, May 28, 2012

ကောင်မလေးရဲ. မိုးလေ၀သ

ငါ့မှာ….
သုံးရာသီကိုတစ်ရက်စွန်းတဲ့အထိ
မင်းရဲ့မိုးတိမ်တွေနဲ့ပဲသာယာနေမိတယ်…
ကောင်မလေးရေ
မင်းဘယ်တော့ရွာချလိုက်မှာလဲ…!!!
မြေကြီးထဲက သံယောဇဉ်အမြစ်တွေ
အိမ်မက်နဲ့ပဲစိုစွတ်နေရပေါ့…။ ။

မိုးနဲ့လွမ်းလျှက်...ကျွန်တော်မိုးစက်

မိုးသဲည မီးကမလာ
ဝိုးတ၀ါး အလင်းလေးကမှိန်မှိန်
ဖယောင်းတိုင်လေး ထွန်းနေချိန်
ရင်ထဲကဝေဒနာတွေ စာလုံးများအဖြစ်ပြောင်းလဲစေ
ကဗျာဆိုတဲ့ ကာရန်တွေအောက်
ငါ့နှလုံးသားလေး ရောက်ရှိခဲ့ပြီ
အတွေးလေးတွေကဟို...အတိတ်ဆီ။ ။

ရင်ထဲအသဲက အသက်လောက်ချစ်သူ
မိုးရေတွေကြား တို့နှစ်ယောက်အတူတူ
ကောင်းကင်ကလည်းမိုးစက်တွေကျ

ကွက်လပ်

ငါ့ရဲ့ အကျည်းတန်ခြင်းတွေကြား
အလှပတရားကိုရှာတွေသတဲ့
ငါ့ရဲ့ ရင့်ရော်မူတွေမှာ
ပျိုမြစ်ခြင်းတွေရှိသတဲ့

"လေထုလေးအဖြစ်ပြန်လာပါရစေ.."

ကောင်ကင်နဲ့မြေကြီး မှာ
ငါဟာ လွင့်မျှော်နေတဲ့
တိမ်တွေ သာ ဖြစ်ခဲ့ မယ်ဆိုရင်
မြေကြီး ပေါ် က နင့်ကို

ရှင်သန်ခွင့်ပေးပါ

မစာနာတတ်ဘူး….
ကိုယ်ချင်းမစာတတ်ဘူး…
မညှာတာတတ်ဘူး…
အသည်းနှလုံးမရှိဘူး…တဲ့…

အဝေးရောက်ချစ်သူ

`` အဝေးရောက်ချစ်သူ´´
ချစ်သူ.......
တစ်ရွာမပြောင်   သူကောင်းမဖြစ် 
 စကာပုံတစ်ခုကို   အခြေပြုရင်  
 ပြည်မြန်မာနဲ့ခြား   တိုင်းတစ်ပါကို 
 အရောက်သွားကာ   စီးပွားရှာတဲ့
  ချစ်သူ..................။

ကိုအတွက်

ဟိုး ...အမြင့်ဆုံးကို
မော့ကြည့်လိုက်ပါ...ကို
နွေးထွေးမှုတွေကို ဆောင်ကြည်းပေးနေတဲ့...
.မိုးကောင်းကင်ကြီးဟာ...

နောက်ဆုံး ညနေ

နေ၀င်သွားပြီလေ
ဒါကိုကိုယ်သိပါတယ်
ချစ်သူရယ်
ညနေဆိုတာ

ပြစ်မထားပါနဲ့ ကို

ချစ် သာ အတောင်ပံတစ်စုံ
ရှိခဲ့မယ်ဆို
ကို ဆီကိုအရောက်ပျံလာခဲ့မှာပါ
ချစ်သာ တိမ်တိုက်ကလေးဆို
ကို ရှိတဲ့အရပ်ကို
ရွေ့လျားလာခဲ့မှာပါ
ချစ် သာကြယ်ပွင့်လေးတစ်ခုဆို
ကို ရှိနေမဲ့ နေရာကို
စောင့်ကြည့်နေမှာပါ
ချစ် သာလေပြေလေညှင်းလေးဆို
ကို ကို့အေးမြစေနိုင်မှာပါ
နှလုံးသားထဲကနေရာတစ်ခုမှာ
ကို ကလွဲလို့ တစ်ခြားတစ်ယောက်ကို
လက်ခံဖို့ဆိုတာ အခက်ခဲဆုံး အလုပ်ပါ
အနေတွေဘယ်လောက်ဝေးဝေး
အချိန်တွေဘယ်လောက်ပြောင်းပြောင်း
မိုင်တွေ ဘယ်လောက်ကွာကွာပါ
ကို ကို့ချစ်တဲ့စိတ်ကတော့
ဆံချည်မျှင် လောက်တောင်ပျက်မှာမဟုတ်ဖူးနော်
ဒီတော့လေ
ကို ကို့တမ်းတနေတဲ့
ကိုကို့လွမ်းဆွတ်နေတဲ့
ချစ်နှလုံးသားကိုတော့ အကြာကြီး ပြစ်မထားပါနဲ့နော်