Monday, April 30, 2012

ပြုစားခဲ့တဲ့သူ


ပြုစားခဲ့တဲ့သူ



မနေ့ကမှ ကိုယ့်ကိုယ်ကိုယ်ငုံ့ကိုင်းကြည့်မိရဲ့
ကျွန်တော်ရဲ့ ၀င်သက်ထွက်သွက်ကလေးတောင် အရပ်အတော်မြင့်ခဲ့ပြီ ။

သိဟ်ရာသီဝတ်ရုံ


သိဟ်ရာသီဝတ်ရုံ



အမုံအဖူးတွေဖြစ်ခဲ့ပြီးမှတော့ အပွင့်ဆက်ဖြစ်ရတော့မှာပေါ့

ဒါပေမယ့် ...

ခေါင်းလောင်းသံစာတမ်း


ခေါင်းလောင်းသံစာတမ်း



(၁)
ကြယ်တာရာတွေ စူးစူးဝါးဝါးငုံ့ကြည့်နေတဲ့ ကဝေည
မေမေ့ ... ကို ကျွန်တော်သတိရလိုက်တာ ...
ညဥ့်ငှက်တွေက ကမ္ဘာအပေါ်ယံမှာ လူးလာပျံသန်း
လရောင်ကို တောင်ပံနဲ့ တဖြန်းဖြန်းရိုက်ကြတယ် ... ။

ရည်စားစာ

ရည်စားစာ

စာရွက်ပေါ်မှာပဲ နင့်ကိုချစ်နေရုံနဲ့တော့
ငါ့ဘဝက မင်ကုန်တာပဲ အဖတ်တင်လိမ့်မယ်။

မပျံသန်းနိုင်တဲ့ငှက် လို့ ပြောတိုင်း
ပင်ဂွင်းငှက်ကို ပြေးမြင်ရင်
နင့်ကိုငါ မခေါ်ချင်ဘူး။

ကျောင်းအုပ်ကြီး ဖတ်ဖို့ရေးတဲ့စာမဟုတ်လို့
ကျောင်းသွားဖော်လေး ဖတ်စေချင်တာ
ငါ့စေတနာပါ။

နင့်နှလုံးသားကို နင်ဖုန်းခေါ်ပါ
ပြီးမှ ငါ့ကိုစာပြန်ပါ ။  







ကျွန်တော်နဲ့တိမ်ညိုနိမိတ်

ဒီလမ်းမှာဘယ်သူ့ကိုမှ ခေါ်မသွားဘူးဆိုရင်တောင်

ကျွန်တော်နဲ့ဖိနပ်ကလေးကိုတော့ ခေါ်သွားရမှာပဲ ။

ကျောက်စရစ်ခဲလေးက ပြောတယ်ဖေဖေ ...

မြေပြင်က ဘာမှမပြောင်းလဲပါဘူး

ခြေထောက်တွေကသာ ပြောင်းလဲနေကြတာတဲ့ ။ ။

ဗျတ်စောင်း ဘာသာဗေဒ

ဗျတ်စောင်း ဘာသာဗေဒ

လမ်းခြမ်းအ၀ါကို မြင်လို့
ကောင်းကင်ကို မမြင်လိုက်ဘူး။
တစ်ယောက်နဲ့တစ်ယောက်
ရွာရိုးကိုးပေါက် ဝေးခဲ့မိတယ်။

စိတ်ပျက်လက်ပျက်

စိတ်ပျက်လက်ပျက်

ကျွန်တော်ကပြောတော့ ...
ချစ်သူကရယ်တယ်။

 

နေကြတ်ချိန်

နေကြတ်ချိန်

အင်္ဂါဆိုတဲ့ နေ့တစ်နေ့က
ငါ့ကို အကုန်ယူသွားတယ်။

 

လူနာ ကုတင်နံပါတ် (၁၉)

လူနာ ကုတင်နံပါတ် (၁၉)



ကုတင်နံပါတ်(၁၉)ကလူနာ ဆေးရုံစတက်တဲ့နေ့မှာ သားဖွားမီးယပ်က ဆရာဝန်နပ်စ်တွေအားလုံး အစည်းအဝေးတစ်ခု ပြုလုပ်ခဲ့ကြတယ်။ ဒါဟာ ဆေးရုံနဲ့ ဆေးတက္က္ကသိုလ်က ကျောင်းသားတွေ ပူးပေါင်းပြီး "အေအိုင်ဒီအက်စ်ရောဂါခံစားနေရတဲ့ မိခင်မှ ရင်သွေးငယ်သို့ မကူးစက်ဘဲ ဖွားမြင်ရေး" ဆိုတဲ့ရောဂါမကူးစက်ရေး အကြောင်းကို ရှာဖွေဆွေးနွေးကြဖို့ဖြစ်တယ်။



ချစ်သူသို့ ၅


ချစ်သူသို့ ၅

သုံးဆယ်ကျော်တာတောင် မလိမ်မာဘူး
ဒီအရွယ်ကြီးရောက်ကာမှ စိတ်ထဲကစာမေးပွဲကျတယ်
ညီမလေးရယ်ငါ့ကိုရိုက်ပါ....။

တရားလက်ဆောင်

ပုံနှိပ် စာအုပ် လောကစာအုပ် စိတ်စာအုပ် သုံးမျိုးရှိတယ်
စိတ်ကို ဖတ်တတ်ဖို့ တစ်ခြားစာအုပ်တွေကို ဖတ်နေရတယ်.............
ဓမ္မဒူတ ဆရာတော် (မှော်ဘီ)

ပူဖောင်းကွဲသူ

ပူဖောင်းကွဲသူ

ဟိုတုန်းကတော့ပူဖေါင်းလေးတွေလို ဖြူမွေ့ပါးလျား
အဲဒီ နွေရာသီလေးကို ဘယ်သူမှခိုးမစားခဲ့ကြဘူး။

အကြိုက်ဆုံး(၂)

သစ္စာတရားအတွက် မီးအိမ်တစ်လုံးနှင့်

၁။
အရှင်...
သင်၏ခေါ်ရာ
ထပ်ချပ်...ငါ...လိုက်ပါမည်။
ကြယ်တစ်ပွင့်ကိုဆွဲယူ
ငါ့ကို...ထူပါ။

ငါ့အကြိုက်ဆုံး ကဗျာ

မီးတောက်ရစ်သမ်

(၁)
အခုလို …
လှပအေးစက်နေတဲ့ညမှာပဲ
ငါ … ပျိုးထားတဲ့ မြနှင်းဆီဟာ …
ကြယ်တစ်ရာ ခြံရံပြီး ကြွေကျသွားခဲ့တယ်။

တာရာမင်းဝေ ကဗျာများ

ယေဘုယျဝိညာဉ်

င့ါကိုတော့ ခွင့်တောင်းသင့်ပါတယ်
ငါ့နှာခေါင်းပေါ်တက်ပြီး
ဘယ်သူလာ အသက်ရှုနေတာလဲ ..