Monday, May 28, 2012

ကိုအတွက်

ဟိုး ...အမြင့်ဆုံးကို
မော့ကြည့်လိုက်ပါ...ကို
နွေးထွေးမှုတွေကို ဆောင်ကြည်းပေးနေတဲ့...
.မိုးကောင်းကင်ကြီးဟာ...

ကိုကို့စောင့်ကြိုနေပါတယ်....
ကိုဘ၀ရဲ့ခါးသည်းမှုတွေ....
နာကျင်ကြွေကွဲမှုတွေကို...
စိတ်ထဲက ထုတ်ပစ်လိုက်ပြီး..
လန်းဆန်းတက်ကြွမှု တွေနဲ့...
နံနက်ခင်းလေးကို စတင်လိုက်ရအောင်နော်....
နောက်ကျမှု ဆိုတာတွေကို
ဟိုး..အဝေးကြီးမှာ ထားခဲ့လိုက်ပြီး
ယုံကြည်မှု အပြည့်နဲ့ ခြေလှမ်းလိုက်ကြစို့နော်....
နေ့သစ်တိုင်းဟာ ကိုအတွက်....
ပျော်ရွှင်စရာ အေးချမ်းမှုတွေကို
ပိုင်ဆိုင်ဖို့ စောင့်ကြိုနေတယ်ဆိုတာ..
.ဘယ်တော့မှ မမေ့လိုက်ပါနဲ့နော်......

No comments:

Post a Comment