Monday, May 28, 2012

ကွက်လပ်

ငါ့ရဲ့ အကျည်းတန်ခြင်းတွေကြား
အလှပတရားကိုရှာတွေသတဲ့
ငါ့ရဲ့ ရင့်ရော်မူတွေမှာ
ပျိုမြစ်ခြင်းတွေရှိသတဲ့

ငါရဲ့ နွမ်းပါးမူတွေမှာ
ကြွယ်ဝမူတွေရှာရင်း
ငါ့ရဲ့ ခါးသီးမူတွေကြား
ကဗျာများစွာချိုခဲ့တယ်
ဒီလိုနဲ့ ...မင်းနဲ့ ငါကြား
ခြာနားမူတွေအပထား
ဘ၀မခြားသလိုမျိုး
အစွန်းနှစ်ဘက်ကိုစိ
အိပ်မက်ကိုပုံဖော်
သရော်မူတွေကျောခိုင်း
ရိုင်းစိုင်းမူကိုကျောပိုး
အမျိုးမျိုးသော စိန်ခေါ်မှုတွေကြား
နေ့ ၊လ၊များစွာဖြတ်ကျော်
ငါ....တကယ်ပျော်ခဲ့ပါတယ်
ငါ့.မှာအနာဂတ်မရှိဘူး....
မင်းသာအနာဂတ်ဖြစ်တယ်
ငါ့မှာ..အတိတ်မရှိဘူး
မင်းကသာအတိတ်ဖြစ်တယ်
ငါ့မှာပစ္စုပွန်တောင်ချည့်နဲ့ နဲ့ 
မင်းရှိမှပြည့်စုံသလိုမျိုး
ဒိုင်ယာရီလှန်ကြည့် 
ပီတိနဲ့ အိပ်မက်စေသူ
ကမ္ဘာမှာငါသာအပျော်ဆုံး
ခုတော့ပြက်လုံးတစ်ခု....
မင်းကအသွေးကိုယူ..အသားကိုယူ
ဘိန်းဖြူလေလား
ယစ်မူးစွာ...ငါ
အတိတ်ကိုလွမ်း
ပစ္စုပွန်မှာနွမ်း
ငါ့အနာဂတ်တွေ..ကန်း..နေပြီ

No comments:

Post a Comment