အဖော်မဲ့တမ်းခြင်း
ရွှံ့နွံပြည့်နှပ် ရေတွင်းပျက်တွင်
ကျင်လည်ကျက်စား ရေနည်းငါးဟာ
ဘယ်အချိန်မှာ ပျော်ရွှင်
အသက်ဆက်ရှင်နိုင်မှာတဲ့လဲ...........
အများကစွန့်ပယ် လေဟာနယ်မှာ
အဖော်မဲ့ ပျံဝဲ
အထီးကျန် သင်းကွဲငှက်ရဲ့ဘ၀ဟာ
ဘယ်အချိန်မှာ ပျော်ရွှင်
အသက်ဆက်ရှင်နိုင်မှာတဲ့လဲ.................
အများတကာက စွန့်ပယ်
လူ့လောက နယ်ပယ်မှာ
တစ်ယောက်ထဲ အထီးကျန်
ဘ၀အားပေးဖော်က မရှိပြန်တော့
ပျော်ရွှင်စရာမရှိ ငါ့ဘ၀လည်း
နတ္ထိပါပဲလေ...............
ချစ် သူ ........သို့ 
မမေ့ရဲပေမယ့်
တစ်နေ့ ခွဲရမှာတော့ သိပါတယ်..........
နေ့ စွဲမဲ့ အချစ်
မမေ့ရဲတဲ့ အဖြစ်တွေမို့
ကနေ့ လည်း သစ်မြဲ သစ်ဆဲ လို့ ထင်
ကျန်ရစ်သူက လွမ်းတယ် ဆွေးတယ် လို့ 
ဟစ်ကြွေးနေပေမယ့်
ပစ်ပြေးသူက မေ့ရောပေါ့...........။
အတူရှိနေစဉ်က မသိသာပေမယ့်
ဝေးကွာရာကို ခွဲခွါနေရတော့မှ
သူ......ရှိမှပါလားဆိုတဲ့ အသိက
ရင်ကို ဘာလို့  နှိပ်စက်နေရတာလဲ.........သူရယ်............
(ဖတ်ကြည့်ပြီးတော့ ဝေဖန်ပေးကြနော်)
ဂုဏ်ဓနမဲ့တဲ့သုည
ရက်စက်လိုက်တာဗျာ သဘောမတူဘူးတဲ့ 
ငွေမရှိလို့ တဲ့လေ ဘယ်လောက်တင်တောင်းမလဲ
ဘယ်လောက်ရှိလဲတဲ့ ဒါဟာအချစ်ငွေနဲ့ သတ်
လူကိုရောင်းစားသလို ငွေနဲ့ တန်ဖိုးဖြတ်လိုက်ကြတာပေါ့။ ။ ။
စကားလေးတစ်ခွန်းရှိတယ် လူမသေငွေမရှားတဲ့
ကျွန်တော့်အချစ်တွေကို ငွေနဲ့ လာတိုင်းပိုင်းဖြတ်ကြတယ်
ငွေရှိတိုင်းထင်ရာဆိုင်းတယ် နိမ့်နေသူတွေကိုနှိမ်ချကြတယ်
အဲတာဂုဏ်သရေရှိတဲ့ လူချမ်းသာတွေတဲ့ဗျာ ။ ။ ။
တကယ်တော့ရွှေချင်းထပ် ဂုဏ်ငွေမက်တဲ့အသိုင်းအ၀န်းမှာ
ပုံမှန်လူတန်းစားလေးကျွန်တော်က ချစ်သူမျက်နှာကိုကြည့်ရုံမျှပဲ
ရွှေရောင်ငွေရောင်ဖိတ်ဖိတ်တောက် ဖဲကော်ဇော်ပေါ်ကပန်းခင်းလမ်းလေး
ကိုယ့်ချစ်သူနဲ့ တပါးသူလျှောက်လှမ်း ငါ့ရဲ့အသဲပန်းကြွေနွမ်းသွားပေါ့ ။ ။ ။
မင်းနဲ့ကိုယ်ချစ်တိုင်းမညားပေမယ့် ညားတဲ့လူနဲ့မင်းချစ်နိုင်ပါစေကွယ်
မဆုံနိုင်တဲ့ဖောင့်နေရာလေးကနေ အပယ်ခံဘ၀နဲ့ ဆုတောင်းပေးတယ်
ဂုဏ်ဓနတဲ့သုညဘသလေးကိုက လိုတိုင်းတနိုင်တဲ့နန်းဘုံပေါ်ကမင်းကို
နောက်ဆုံးလေးဝေ့၀ါးစွာကြည့် သေတဲ့အထိချစ်ပါရစေနော် ......။ ။ ။
(တကယ့်သူငယ်ချင်းလေးအတွက်)

No comments:
Post a Comment