မင်းမျက်ဝန်းရဲ့ အကြည့်တစ်စုံအောက်မှာ
ငါဟာ ငါရဲ့နှလုံးသားကို ဆွဲထုတ်ပြီး
မင်းဆီကို ငါအပ်နှံခဲ့တယ်
ငါဟာ မင်းအတွက်နဲ့ လွမ်းနေတတ်ခဲ့ပြီ
မင်းအတွက် သ၀န်တိုတတ်ခဲ့ပြီ
မင်းအတွက် စိုးရိမ်ပူပန်နေတတ်ပြီ
မကြိုးစားခဲ့ရပေမယ့် ငါဟာ အလိုအလျောက်
အချစ်ဆိုတာကို သိခွင့်ရခဲ့ပြီ...........
မင်းရဲ့ အချစ်နဲ့ ငါပျော်ရွှင်ခဲ့ရပြီ
မင်းရဲ့ အချစ်နဲ့ ငါမျက်ရည်ကျတတ်ပြီ
နောက်ထပ် ဘယ်လိုအရာတွေကို
မင်းထပ်ပေးချင်သေးလည်း.................
ငါဟာ မင်းအတွက်ဆို အလျော့ပေးချင်တဲ့သူပါ...
အချစ်နဲ့ ပတ်သတ်လာရင် မာနဆိုတာ
ငါ့ဆီမှာ မရှိတော့ပါဘူး
တူညီတဲ့ အချစ်ကိုတော့
ရရှိနိုင်မယ်ဆိုရင် ငါတောင့်တမျှော်လင့်ခွင့်ပေးပါကွာ.......................
No comments:
Post a Comment