Sunday, April 14, 2013

ရင်မှာဝှက်သောပန်း



ရင်မှဝှက်သောပန်း
ုနှလုံးသားက ချစ်ခဲ့တာကို
အပြစ်မမြင်ပါဘူး
တကယ်ပါဟာ
အလိမ္မာသမီးလေးဖြစ်ဖို့
နှလုံးသားကို ချနင်းခဲ့ပေမယ့်
အရှုံးသမား တစ်ယောက်ပါ
အလွမ်းပင်ရဲ့
ပင်ရွက်အို နေ့ဟောင်းတွေက
ရွက်ဟောင်းတွေကြွေဆဲပါ
မိန်းမကောင်းပန်းပန် တစ်ပွင့်တန်တဲ့
အမြင်သာတစ်ပွင့်ပန်သလို
ရင်မှာလည်းတစ်ပွင့်တည်းပါ
အတိတ်တွေ ဆုံးလို့
နေ့သစ်တွေဝေပေမယ့်
ရင်ထဲက အချစ်တွေက
အတိတ်ဟောင်းရဲ့ ရက်အိုတွေမှာ
မေ့မျောနေဆဲပါ
အတိတ်တွေ ဝေရင်း
ဘ၀တွေ ပြောင်းသွားလည်း
ရင်မှာပွင့်တဲ့ပန်းက
ကိုယ်......တစ်ယောက်တည်းပါ

No comments:

Post a Comment