Sunday, May 13, 2012

အာသီသ

မြွေတစ်ကောင်လို
တကိုယ်လုံး အရေခွံတွေ ခွါပစ်လိုက်ချင်တယ်၊
ခဏ ဘ၀ မှာ
ဘ၀ ခဏ သစ်ချင်လို့ ။
သံမှိုစွဲနေတဲ့ အကျီ င်္ အဟောင်းကို ၀တ်ထားရတာ
ကျောမလုံချင်တော့ဘူး။
အနံ့လား ရနံ့လား
နှာစေးနေတဲ့ ငါက သိပ်မကွဲပြား၊
ငါ့ကိုချည်နှောင်နေသော
ကြိုးတွေ ........ကြိုးတွေ.......
လောကဓံ ရိုက်ချက်ပေါ် မလူးသာ .. မလွန့်သာပေါ့။
ဒါတောင်......ချည်တိုင်က မခွါနိုင်သေး
အစေးကပ်နေတဲ့ သွေးကြောင်ထင်။။
ငိုရပြီပေါ့ ...မနက်ဖြန်ရေ
အဝေးက ကြိုးတစ်ချောင်း
ဟုတ်တယ်............
အဲဒီ ကြိုးနဲ့ ........အဲဒီကြိုးတွေ...
ပဋိပက္ခ ဖြစ်နေပုံများ
လှေနံနှစ်ဖတ်ကို ဓါးခြင်း ယှတ်လိမ်ထားသလို.။
အနာတရ အပွန်းအပဲ မရှိပါဘဲ
တစ်ဖက်တစ်ချက်ဆီက
အသွေးအသားတွေ မဆူမပွပ်
မျက်ရည်မြစ်ထဲ
ကိုယ့်ကိုကိုယ် ခုန်ချလိုက်တော့မယ်......................။

No comments:

Post a Comment