Sunday, May 13, 2012

အိုပါယ်


အိုပါယ်တဲ့လားကွယ်
နားခါးလိုက်စမ်းပါဘိ.....
ငါတို့ရဲ့ တစ်ချိန်က သန်မာခဲ့တဲ့ အားအင်တွေ
ရှင်သန်ခဲ့တဲ့ မျှော်လင့်ချက်တွေ
ဒီအချိန်မှာ
ဇရာစကားပြောလို့
မီးဇာကုန် ဆီခမ်းခဲ့ပေါ့....
မနက်ဖြန်အတွက်
မျှော်လင့်ချက်တွေကလည်း
နေ၀င်ချိန်ရောက်ခဲ့ပြီလေ...
သွေးဆုပ်ဖြူလျှော်နေတဲ့
လက်တွေနဲ့ ဘယ်အရာတွေကို
ငါတို့ ဆုပ်ကိုင်ရမလဲ..
ငါတို့အတွက်
နွေးထွေးပျော်ရွှင်မှုတွေ
ဘယ်လိုမှ မထင်ထားတဲ့
ယုယမှုခြင်းနဲ့ ကမ်းလင့်လာတဲ့
လက်အစုံနဲ့ လောကကြီးကို
ရဲရဲဝံဝံ့ ပျော်ရွှင်စွာ
ဖြတ်သန်းသွားလိုက်ချင်ရဲ့.......

ငါတို့ရဲ့ ဘ၀ကအိုပါယ်တဲ့
အိုမှ အပယ်ခံခဲ့ရတာလား....
တစ်နေ့နေ့ တစ်ချိန်ချိန်မှာ
ဒီနေရာကို
ဘယ်သူမှရောက်မလာနိုင်တော့ဘူးတဲ့လား.......
ဘယ်သူကမှ အိုခြင်း နာခြင်းတွေကို
မခံစားရတော့ဘူးတဲ့လား......
အလို...
အဆွေသင်္ခါရ
တစ်ခုလောက် မေးကြည့်စမ်းချင်ရဲ့..
သင်္ခါရဆိုတာ
အိုရင် ပါယ်ရတယ်တဲ့လား..........................(ကဗျာလုလင်)

No comments:

Post a Comment