Friday, May 4, 2012

ငါ့အနာဂတ်...

ငါ့အနာဂတ်...

ငါရည်ရွယ်ထားတဲ့ အနာဂတ်မှာ
ဂုဏ်တွေ၊ ငွေတွေ၊ ပကာသနတွေမပါဘူး
အေးဆေးတည်ငြိမ်တဲ့ ဘ၀လေးတစ်ခုပါ

ငါရည်ရွယ်ထားတဲ့ အနာဂတ်မှာ
ငါရယ်၊ ငါချစ်တဲ့မိသားစုရယ်၊ ငါချစ်တဲ့မြို့လေးရယ်
တစည်းတလုံးတည်းနေချင်ခဲ့တာတရ်
ငါရည်ရွယ်ထားတဲ့ အနာဂတ်မှာ
အလှမ်းဝေးတဲ့ တောရွာလေးတွေမှာ
ပန်းလေးတွေကို ပြုစုပျိုးထောင်ပေးတဲ့
ဥယျာဉ်မှူးဖြစ်ချင်ခဲ့တရ်
ငါရည်ရွယ်ထားတဲ့ အနာဂတ်မှာ
ကိုယ့်ထက်နိမ့်ကျတဲ့သူတွေကို ကူညီပေးပြီး
ကိုယ်တတ်နိုင်သလောက် ပရဟိတလုပ်ငန်းတွေလုပ်ချင်ခဲ့တရ်
ဒါပေမဲ့...ငါ..................
ကဗျာတွေရေးနေဆဲဘဲ......


ကျန်ရစ်သူ


 ကျန်ရစ်ပြီဆိုမှာ...မလွမ်းသင့်မှန်းသိပေမယ်
တိုက်ဆိုင်မူရှိတိုင်လဲ...နှလုံးသားကနာကျင်လာတယ်
....................................
မုန်းမေ့လိုက်ပါတော့တယ်...သူပြောတဲ့နောက်ဆုံးစကား
မုန်းဖို့မလွယ်သလို...မေ့လို့လဲမရပါဘူးမောင်ရယ်
....................................
မိုးတကယ်ချစ်တာလားတဲ့...မောင်မေးတော့မိုးခေါင်းညိမ့်ခဲ့တယ်နော်
တကယ်ဆို..................မိုးမေးခဲ့ရမှာ
အခုတော့သူမသိလဲသီချင်းနဲ့...နှလုံးသားကတိတ်တိတ်ကြွေလို့
...........................................
နောက်ဆုံးမှာတော့မီုးရေတွေကြား...မီုးကိုမောင်ထားခဲ့တယ်နော်
မောင်.....တစ်ခုဘဲတောင်းဆိုပါတယ်နော်
.............................................
မိန်းမတွေရဲ့အသဲကိုတော့...ထပ်မံပြီးမလှည်းစားပါနဲ့တော့...... 



အလွမ်း

 လွမ်းတယ်ဆိုတာ ရင်ဘတ်တစ်ခြမ်း
လောင်ကျွမ်းပြီးမှ နှလုံးသားက
တမ်းတမ်းတတ မြည်ဟီးလာတဲ့
စိတ်ခံစားမှု တစ်ခုပဲလေ
အခုငါလေ အလွမ်းဆိုတဲ့
အလွမ်းဆိုတဲ့ စိတ်ခံစားမှုကို
ဆယ့်နှစ်လတိုင် ခံစားရင်း
လွမ်းနေရသူပါလေ။.......
ငါ ရင်ခွင်ကို
မင်းထား ရစ်ခဲ့တဲ့အလွမ်းတစ်ခု
မင်းခေါင်းလေး မှီထားခဲ့ဘူးတဲ့
ငါရင်ခွင်ကို ငါပြန်မေးကြည့်တော့
ငါ နှလုံးသားက
မင်းကို အရမ်းလွမ်းနေမိ
ချစ်သူရယ်။.......................



ခေါင်းစဉ်မရှိပါ

 ကိုယ် မြတ်နိုးဆုံး
စကားတစ်ခွန်း
ကိုယ်အတွက် အနွေးထွေးဆုံး
ရင်ခွင်တစ်ခု
ကိုယ်အတွက် အချိုမြိန်ဆုံး
နှုတ်ခမ်း တစ်စုံ
ကိုယ့်အတွက် အမွှေးပံျ့ဆုံး
ပါးပြင်တစ်ခု
ကိုယ်အတွက် အစွဲလန်းဆုံး
ကိုယ်သင်းရနံ့
အားလုံးကို ပေးစွမ်းနိုင်သော
ကိုယ်ချစ်သူ
ကောင်မလေးကို
ထာဝရ ပိုင်ဆိုင်ခွင့်ရချင်တယ်
ကောင်မလေးရယ်။....................

No comments:

Post a Comment