Friday, May 25, 2012

║♥ ကဗျာမဟုတ်တဲ့ကဗျာ ရင်ထဲကစာသား ♡ ▌ ║♥ အချစ်လူစွမ်းကောင်း ♡ ▌ ║♥ မလျော့တဲ့အချစ် ♡ ║♥ စာနာပေးပါ ♡ ▌ ║♥ ရာဇဝင်တွေ ငါမသိဘူး ♡ ▌ ║♥ မှင်နီနဲ့တားချင်သူ ♡ ▌ ║♥ အချစ်=ကြောင့် ♡ ▌ ║♥ ရင်မှာ ကြွေစရာ ဒီအသည်းလား ♡ ║♥ ပြုစားရဲသူ ♡ ▌ ║♥ ဖြစ်တည်ရာ လိုအင်ဆန္ဒ ♡ ▌ ║♥ တန်းရာတန်းကြေး ♡ ▌♪♫ ║♥ သိနိုင်ပါစေ ♡ ║♥ မညာပါနဲ့တော့ ♡ ▌

║♥ မညာပါနဲ့တော့ ♡ ▌
ဝိုးတဝါးဖြစ်စဉ် ရင်မှာ အမြစ်တွယ်နေခဲ့ပြီးပဲ

ကောင်မလေးရယ် မင်းမညာပါနဲ့တော့ မင်းညာထားတဲ့


မင်းနှလုံးသားပေါ်က မင်းရင်ခုန်သံတွေ စည်းချက်မညီတော့ဘူးပဲ
တိတ်တိုက်ကိုပစ်ခွင် ကောင်ကင်ထက် ရွာချ ဒီမိုးသည်းထဲမှာ

မင်းနဲ့ ကိုယ် အတူတူ လက်တွဲ ရှင်လျှက် လက်လျှောက်ချင်ပြီးကွာ

မင်းက ပန်းကလေး ကိုယ်က လိပ်ပြာ

ဝတ်ရည်တော့ စုပ်ယူခွင့်ပြုပါ ကောင်မလေးရယ်။
║♥ သိနိုင်ပါစေ ♡
တောင်ပံခတ်သံ ဝေဟင်ထက် ပျံဝဲ

ချစ်စရာ  ငှက်ကလေး

ဘယ်နား သွားနေပါလိမ့်

ဦးတည်ရာမဲ့ ခိုစရာမဲ့

အကြင်နာတွေ မဲ့လို့ ကိုယ်ကြေကွဲနေရပြီးပေါ့

သစ်ရွက်ခြောက်တို့ လေမှာလွင့်လို့

ခိုစရာမြေရှိပါရဲ့

ဝေဒနာတွေ ပြည့်လျှက် ကိုယ်

ဘယ်နား သွားငိုရပါမလဲ

မင်းလေးသိနိုင်ပါစေလေ

ကိုယ် ဘဒိုင်းသီး မဟုတ်ဘူးဆိုတာ။
║♥ တန်းရာတန်းကြေး ♡ ▌♪♫
ဘုရင့်သား မင်းသား ကိုယ်မဟုတ်ပါ

ရွှေဘုံစံ ရွှေမင်းသမီး မင်းလေးကို

ချစ်မိမှ တော့ ကိုယ် ဘာပြောဝံပါတော့မလဲ

မင်းလေး အလို ကိုယ်ဖြည့်ဆည်းပေးလို့

မင်းလေး ကျေနပ်တဲ့ အထိ ကိုယ်

စွမ်းနိုင်ရမှာပေါ့လေ

စည်းတစ်ခုကို ကျော်နိုင်ဖို့အတွက်

စည်းတစ်ခု အရင် ဆွဲရပါလိမ့်မယ်

အရာတစ်ခု ကို ရနိုင်ဖို့အတွက်

အရာ တစ်ခုကို မင်းလေး

ပြန်ပေးဆပ်ရမယ်

အဲ့တာ တန်းရာတန်းကြေးပဲ။
║♥ ဖြစ်တည်ရာ လိုအင်ဆန္ဒ ♡ ▌
သင်ခန်းစာတွေ ရလို့

မျှော်လင့်ချက်တွေများလို့

ခံစားချက်တွေ ပြည့်နေတဲ့

ကိုယ်ရင်ခွင်ကို မင်းဘာနဲ့

ပိုင်းရက်မလဲ ကိုယ်မလိုချင်ပါဘူး

မဆီက ကိုယ်ဘာမှကို မလိုချင်တာပါ

ကိုယ်ငိုချင်တယ် မင်းအတွက်နဲ့

နေ့ည ရက်လ အနှစ်နှစ်အခါခါ

ကိုယ် ကြေကွဲခံစား ခဲ့ရတယ်

မင်းအတွက်နဲ့ ပေးဆပ်ခဲ့ပေါင်းများပြီး

ကိုယ် ဘာဆိုဘာမှ ပြန်မရခဲ့ဘူး

လိုချင်သေးပါရဲ့ များများစားစား မဟုတ်ပါဘူး

နည်းနည်းလေးပါ မင်းပေးချင်ပါရဲ့လား

ကိုယ် လောဘမကြီးပါဘူး

မင်းဆီက ကြင်နာယုယမှူ့

ကိုယ်တောင်းတ မိလို့

မင်းကျေနပ်ပါရဲ့လား

မချစ်ရင်နေပါ ပစ်ပယ်မထားပါနဲ့

မွေးကထဲက နှလုံးသားအပို ပါမလားလို့ပါ

ကိုယ်ရှင်သန်ရာ ဒီဘဝတလျှောက်လုံး

မင်းအတွက် ဖြစ်တည်လာတာပါ။
║♥ ပြုစားရဲသူ ♡ ▌
အလွမ်းကဗျာတွေလဲ မရေးချင်ဘူး

အဆွေးကဗျာတွေလဲ မခံစားချင်ဘူး

အနမ်း တွေလဲ မလိုချင်တော့ဘူး

အရမ်းကို ရင်မှာ ဆွံအနေပြီး

မလှမ်းမကမ်းက မြင်နေလဲ

တလှမ်းချင်းတလှမ်းချင်း

လျှောက်လို့လာနေတဲ့

ငါ့ရဲ့ ခြေလှမ်းတွေ

တုန့်ခနဲ့ ရပ်တန်းသွားအောင်

မင်းပြုစားရဲတယ်

ပြောစရာ စကားလုံးတွေ ပလုံစီနေလဲ

မင်းအနားရောက်ရင် ကြက်ပျောက်ငှက်ပျောက်

အကုန်လွင့်စင်ကုန်တယ်

ငါစိတ်ငါ ဘယ်လိုထိန်းချုပ်နိုင်မလဲ

မင်းနဲ့ကျမှ ငါ့နှလုံးသား အရည်ပျော်ခဲ့ပြီးပဲ။
║♥ ရင်မှာ ကြွေစရာ ဒီအသည်းလား ♡
ပါးပြင်ထက် မျက်ရည်စတို့နဲ့

အလိမ့်လိမ့် စီးကျနေလဲ

တချက်ချက် ငါ ခေါင်းကိုမော့ထားမိတယ်

နှလုံးသားကို အံတုလျှက်

ရင်ခုန်သံကို  ငြင်းခုန်လျှက်

မင်းမှ မချစ်တက်ခဲ့ပဲ

ချစ်တက်ခဲ့တဲ့ ငါ့အပြစ်မဖြစ်ခဲ့လဲ

အနေဝေးတဲ့ တို့နှစ်ယောက်

သွေးအေးခဲ့တယ် မတွေးရဲပါပဲ

မင်းအတွက်နဲ့  ငါ့အသည်းကြွေနေခဲ့တယ်။
║♥ အချစ်=ကြောင့် ♡ ▌
အချစ်အချစ် အချစ်နဲ့ အချစ်ကိုကိုးကွယ်ကြသူတွေ

အချစ်ကြောင့်ရူးကုန်ကြတယ်

တကယ်တော့ မင်းငါ့ကို မချစ်ပါဘူး လိုအပ်တာပါ

မင်းရဲ့အပြုအမူတွေ မင်းရဲ့ အသုံးချမှူ့တွေ

မင်းရဲ့ အကြင်နာကင်းမဲ့မှူ့တွေ

ငါရိပ်စားမိတော့ နောက်ကျခဲ့ပြီး

အပြုံး တစ်ပွင့်နဲ့ အသုံးချတက်တဲ့မင်းလို

အသည်းနှလုံးကို  ငါ့ရဲ့နှလုံးသားနဲ့မှ လာဆက်စပ်တယ်နော်

အပျက်ပျက်နဲ့ နှာခေါင်းသွေးထွက်တဲ့ အထိ နင်ရက်စက်ခဲ့တယ်

ငါ့ရင်ထဲက ခံစားချက်တွေ အကုန်ပျောက်ပျက် သွားလဲ

အမှောင်ထုကို ဖြိုးခွင်လို့ ငါနားလည်တက်ခဲ့တယ်

မိုက်ရူးရဲဆန် တဲ့ငါ့အတွေးတွေ

ငါ့ကိုယ်တောင်ငါ မယုံကြည်နိုင်ခဲ့ဘူး

မင်းကို ဆက်ချစ်နေသေးတယ်တဲ့

ငါ့နှလုံးသားက ရန်ခုန်သံက တဆင့် အသိပေးသွားတယ်။

အမုန်းကဗျာတွေလဲ ရေးရလွန်းလို့ အချစ်ကဗျာတွေလဲ

ရေးချင်ပါရဲ့ မင်းမတွေ့နိုင်တဲ့ ငါ့ရင်ခွင်ထဲ

မှင်ရာတချို့ထင်ကျန်ခဲ့ မင်းကိုချစ်တဲ့စိတ်ပဲ

ငါ့နှလုံးသားထဲ စွန်းထင်ခဲ့

စာတွေကဗျာတွေ နဲ့ အကြင်နာတွေ

ငါ စာမဖွဲ့တက်ပဲ မင်းနားလည်ပါကွယ်

ငါအသည်းကို မှင်နီတော့ မတားလိုက်ပါနဲ့..။
★ေ║♥ ရာဇဝင်တွေ ငါမသိဘူး ♡ ▌
ဒသဂီရီလို အသည်းမမာပါဘူး

မင်းနန္ဒ လို အဖြစ်မဆိုးပါဘူး

ရိုမိယို လို မချစ်တက်ပါဘူး

အာဒဏ်လို အချစ်မကြီးပါဘူး

ရုပ်ရှင်တွေထဲကလို မစွန့်စားရဲပါဘူး

ဒါပေမဲ့”

ပုဂံခေတ်ကလို တိုင်တည်လို့ သစွာပြုပါတယ်

မိန်းမတစ်ယောက်ကို တင့်တောင့်တင့်တယ်

ထားမယ်ဆိုတဲ့ ကတိပါ။
║♥ စာနာပေးပါ ♡ ▌
လေး ရှိလျှက် မြှားမရှိတဲ့ ကိုယ့်အဖြစ်ကို

မင်းမစာနာတော့ ဘူးလား

တိုက်ပွဲတစ်ခုမှာ အနိုင်ရဖို့အတွက် အားအင်းလိုတယ်

ခေတ်သစ်မှာ မြင်းစီးပြီး လှံကိုင်စရာ မလိုတော့ပါဘူး

မင်းကို ချစ်တဲ့ ကိုယ့်အချစ်တွေထဲမှာ

သတ္တိဆိုတဲ့ ရဲရင့်မှူ့တွေ ပါပြီးသား ပါ

အချစ်အတွက်နဲ့ ဘဝမသေလို သူတွေ ရှိတလို

အချစ်အတွက်နဲ့ ဘဝသေသူတွေလဲ ရှိပါတယ်

မင်းလည်ပြန်ကာ ကြည့်လည့်ပေးပါလေ

မင်းရှေ့မှာ ငါဒူးထောက်ထား ပြီးပြီးပဲ

ယောက်ျားတစ်ယောက်ရဲ့ မာနကို ချိုးနှိပ့်လို့

မိန်းမတစ်ယောက်ရဲ့ရှေ့ ငါဘယ်လို ခဝါချရမလဲ

မင်းကြည်ညှိုပေး ပါတော့လားကွာ။
║♥ မလျော့တဲ့အချစ် ♡
စာသားတွေလဲ ကုန်ပြီး ခံစားချက်တွေလဲ ကုန်ပြီး

ငါ့နှလုံးသားလဲ ဆုံးပြီး မျက်ရည်စတွေလဲ ခမ်းပြီး

မျှော်လင့်ချက်တွေလဲ ဝေးပြီး

ယုံကြည်ချက်တွေလဲ ပျောက်ပြီး

ဘဝတစ်ခုလုံးလဲ ရေစုန်မျောပြီး

ဦးတည်ရာမဲ့ လမ်းခရီးလဲ ရှာမတွေ့ပြီး

အရာအားလုံး နိဂုံးချုပ်သွားပြီး

ဒါပေမဲ့   ” ဒါပေမဲ့” တော့

ငါမင်းကို ချစ်တဲ့ အချစ်က

ဘယ်တော့မှ မလျော့ပါသွားဘူး..။
║♥ အချစ်လူစွမ်းကောင်း ♡ ▌
အချစ်သူရဲကောင်းကြီး လုပ်လိုက်ချင်ပါတယ်

မင်းအတွက်ဆို ဧရာဝတီမြစ် ထဲက ရေတွေ

စုပ်ယူလို့ ရွှေလမ်းမြေလမ်း ကိုယ့်နှလုံးသားပါခင်လျှက်

ရွှေမြို့တော်ငွေမြို့တော် အကြင်နာမြို့တော် အချစ်နန်းတော်

တဆောင် တည်ဆောက်ပေးလိုက်ချင်ပါရဲ့ကွာ

ဝတ္ထုတွေထဲကလို မင်းက မင်းသမီး ကိုယ်ကဇတ်လိုက်

အရှေ့မှာ ဘယ်လို အမုန်းတွေ ရှိရှိ အဂ္ဂတတွေများများ

အဆုံးမှာတော့ ပေါင်းဖတ်ရတာ ကြီးပါပဲလေ

ကိုယ်အတွေးနဲ့ကိုယ် ကိုယ့်စိတ်ကူးနဲ့ ကိုယ် ရူးနေရသူပါ

နတ်သမီးလေးလား အောင်မေ့ရတယ် မင်းအလှထဲမှာ ကိုယ်ရစ်မူးလို့

ရုန်းထွက်ဖို့ သိပ့်ကို ခက်ခဲလှပါတယ်

ဟို့းမှာ တွေ့လား  တိုင်းတန်နစ် မင်းသမီး ပစ်ချလိုက်တဲ့ ဆွဲကြိုး

သမုသင်္ရာ ပင်လယ် ထဲ ကိုယ်သူရဲကောင်းလုပ်လို့

မင်းအတွက် ပြန်ဆယ်ပေးမယ်လေ။
║♥ ကဗျာမဟုတ်တဲ့ကဗျာ ရင်ထဲကစာသား ♡ ▌
တိတ်ဆိတ် ငြိမ်သက်

အကြင်နာ ကင်းမဲ့

ဝေဒနာတွေ ပြည့်လျှက်

စာနာပေးလျှက်

ဒီရင်ထဲဝယ် ဒဏ်ရာတွေကျန်ခဲ့

တလောကလုံး ခြောက်သွေ့လို့

သာယာခြင်း ကင်းမဲ့

ငါ့အတွက် ခိုစ၇ာ မြေမရှိပဲ

ငိုနေရ ဒီမျက်ဝန်းထဲ

ရိုးသားမယ်ဆို နင်ပြန်ကြည့်လှည့်
နင်ပြန်ကြည့်လှည့်

ဝေးဝေး သွားလဲ အတွေးတွေထဲဝယ်

ညိုနေ ဒီမျက်ကွင်း အလယ်

အရိပ်တရိပ် ဖြတ်သန်းသွားတယ်

အသက်ထွက်သွားမယ် နင့်ရဲ့ ညို့ချက် ပြင်းတယ်

တဖြေးဖြေးချင်းပဲ ရွေ့ရွေ့သွားတယ်

ရင်ခုန်သံလဲ တိုးတိုးလေးသာ ကျန်ရစ်ခဲ့

တဖန် ပြန် မြင်ချင်သေးတယ် နင်မျက်နှာ

ခုဆို ဘယ်လို နေမလဲ

တလောကလုံးက ရင်ခုန်စရာတွေ ပါဆယ်ထုတ်ပြီး

မင်းကို ပေးချင်တယ် အဲ့တော့မှ မင်းနှူတ်ခမ်း

ဘယ်လို အရောင်ပြောင်းသွားမလဲ

မသိနိုင်တော့ဘူးလေ

ငါ့ရင်ထဲမှာ ပြောစရာ စကားလုံးတွေ များနေပြီးလေ

တရစ်ရစ် ရစ်ပက်ခဲ့ သံယောဇဉ်ကြိုးတွေ

နင်ဘာနဲ့ ဖြတ်ပစ်ခဲ့လဲ  အဲ့ဒီလိုဆို နင်ရက်စက်ခဲ့တယ်

ငါ့မှာ ဘာအပြစ်ရှိခဲ့လဲ နင့်အတွက်ပေးမယ် ငါ့မှာ အချစ်ပဲရှိတယ်

နင်မလိုချင်ရင် ဘာလို့ ပက်သက်ခဲ့လဲ ခုမှ မေ့ပြစ်လိုက်တဲ့

ငါ့နဲ့ မတူတဲ့ နောက်တစ်ယောက်က နင်ရင်ခုန်သတဲ့

အဲ့တာ ဘာစကားလဲ မဟုတ်တရုတ် နင် ဇတ်ရှုပ် မလုပ်နဲ့

မင်းအတွက် ငါက အမှိုတ်ထုတ်တဲ့ သူငယ်ချင်းတွေတောင် ပြောကုန်ပြီး

ငါဟာ ငမိုက်တဲ့  ဟုတ်တယ် မင်းအတွက်နဲ့ ငါမိုက်ခဲ့တယ်

ပြောလိုက်စမ်းပါကွာ ပြောကြလိုက်စမ်းပါကွာ

မင်းမချစ်တောင် ငါချစ်ဖူးလို့ ကိုယ့်ကိုကိုယ် ကျေနပ်စွာ ဂုဏ်ပြုမိမှာ အမှန်ပါကွာ။

No comments:

Post a Comment