Friday, May 25, 2012

★မုတ်သုန် သို့..♪♫/ ★စည်းလေးတမျှင်♪♫

★မုတ်သုန် သို့..♪♫
အနောက်တောင်ဆီက
မုတ်သုန်မိုး..
ရေခိုးရေငွေ့..တစ်ပွေ့တစ်ပိုက်နဲ့
ဆိုက်ဆိုက်မြိုက်မြိုက်..မေလလယ်
  
နောက်တော့..
မနိုင်ဝန်ထုပ်ကိုဖြေချ
လှလိုက်တဲ့ ပုလဲပွင့်တွေ။

"မိုးတွေညို့ရင် မျက်ရည်စို့တယ်"ဆိုပေမဲ့
သဲသဲမဲမဲ ရွာခြင်သပရွာ
ခပ်ဖွဲဖွဲလေးရွာခြင်သပရွာ
မင်းစိတ်ကြိုက်ပါမိုး။

ရွာဟန်ဆင်လဲ
ရွာခြင်မှရွာ
မထင်ပေမဲ့
ရွာခြင်လဲရွာ
အသိရခက်ပမိုးရယ်။

အော်ခုတော့..
အားလုံးကိုလက်ပြနုတ်ဆက်
အချိန်တန်..အိမ်ပြန်ခြင်ပီပေါ့
မုတ်သုန်ရယ်။
★စည်းလေးတမျှင်♪♫
"မြည်းတစ်ကောင်နဲ့ သားအဖနှစ်ယောက်”
ငယ်စဉ်က ဖတ်ခဲ့ရဘူးတဲ့ ပုံပြင်တစ်ပုဒ်
ရိုးသားခြင်း နဲ့ အားနာခြင်း ဆိုတဲ့
သေးငယ်လွန်းတဲ့ စည်းလေးတစ်မျှင်......

“ ချစ်သူတစ်ယောက် ထားဖူးခြင်း”
အရွယ်ရောက်စက ကပြခဲ့ဖူးတဲ့ ဇာတ်လမ်းလေးတစ်ပုဒ်
သံသယ နဲ့ အကဲဆတ်ခြင်း ဆိုတဲ့
သေးငယ်လွန်းတဲ့ စည်းလေးတစ်မျှင်..

“ အိမ်ထောင်သားမွေး Process ”
အရွယ်ရောက်တော့ ပိုင်ဆိုင်မှုတစ်ခု
သစ္စာတရား နဲ့ဖေါက်ပြန်မှု ဆိုတဲ့
သေးငယ်လွန်းတဲ့ စည်းလေးတစ်မျှင်..

“ စားဝတ်နေရေးဆိုတဲ့ ဆပ်ကပ်ပြပွဲ ”
အရွယ်ရင့်ကျက်ချိန်..ရုန်းကန်မှ
Believe နဲ့ trust ဆိုတဲ့
သေးငယ်လွန်းတဲ့ စည်းလေးတစ်မျှင်..

“ ရာဇပလ္လင် ခြေတော်တင်ခြင်း ”
အရွယ်လွန်ချိန်..စိတ်ကူးယဉ်..အိပ်မက်တစ်ခု
အာဏာ နဲ့ လုပ်ပိုင်ခွင့် ဆိုတဲ့
သေးငယ်လွန်းတဲ့ စည်းလေးတစ်မျှင်..

လောကကြီးမှာဗျာ..
အရာရာတိုင်းမှာ..
အို.သေးငယ်လွန်းတဲ့ စည်းလေးတစ်မျှင်....

ကျော်ချင်တိုင်း ကျော်
ဖြတ်ချင်တိုင်း ဖြတ်
စည်းဆိုတာ..ကန့် သတ်ဖို့ လား
ကျော်ဖြတ်ဖို့လေလား…

No comments:

Post a Comment