Friday, May 25, 2012

♪ အဖြည့်ခံ ကဗျာ♫ /★ဝေးကြပြီပေါ့ မိသန္တာ♪♫ / ★ဘ၀ လက်တွဲဖော်♪♫ / ★နေမြင်ချိန်တိုင်း ရူးနေသူ♪♫ / ★ထားသခင်♪♫ / ★ေ၀၀ါးတုန်းပါပဲ♪♫ / ★ ရူးသွပ်မိတဲ့ ပန်းကလေး♪ / ★ကြင်နာတဲ့ ဆေးပေးပါ♪♫ / ★နေခြည်..♪♫ / ★ကြွေလွင့်ခဲ့ပြီ♪♫


♪ အဖြည့်ခံ ကဗျာ♫
သတိရခွင့်ရှိသလောက်
သတိရနေမယ်.....

ရေရာမသိတဲ့ နေရက်တချို့
ခံစားချက်ကြောင့် ကြည်နူးမိတယ်.....လွမ်းဆွပ်ခြင်း ဝေဒနာကို
ငါတကယ်မမျှော်လင့်ခဲ့ပါဘူး.....

ခဏတာအခိုက်အတန့်လေးနဲ့
အားလုံးပြီဆုံးသွားတဲ့အခါ
ငါ့ရဲ့..အထီးကျန်မှုကို
ဘယ်သူသိနိုင်မလဲ.....

တဆိတ်စိုးမိုးနေတဲ့
ထာဝရ မင်းအရိပ်တွေကြောင့်
နာကြင်တဲ့ ဝေဒနာကို
ကုစားလို့မရတော့ဘူး.....

 ညင်သာတဲ့ချေလှမ်းတွေနဲ့
မှန်ရာကို ၀န်ခံရရင်
ငါ့ဘ၀ဟာ မင်းအတွက်
ခေတ်ပေါ် ကဗျာတပုဒ်ပေါ့.....

အဖြည့်ခံ ကဗျာတပုဒ်အတွက်
ကာရန်ယူချင်တဲ့အခါယူ
မယူချင်တဲ့အခါ
မေ့ပြစ်ခြင်းခံရသူပါ.....
★ကြွေလွင့်ခဲ့ပြီ♪♫

မျက်လုံးချင်းဆုံ ရင်တွေခုန်လို့
တိတ်တခိုးအချစ်နဲ့ ကြိတ်ပိုးခဲ့ရတာ
နှစ်နဲ့ချီ,,,,,

မချစ်ဖူးတဲ့ အချစ်ဆူးကြောင့်
နှလုံးသားဆန္ဒ ဖွင့်ဟမိတော့
စိတ်ဆီုးမှာလဲ တွေးကြောက်သည်,,,,,

ဆက်စပ်မရတဲ့ ဘ၀နှစ်ခုကြောင့်
ရှောင်ခွာပြေးတော့ ဆွေးရပြီ,,,,,

အဝေးလွမ်း ဝေဒနာနဲ့
နှလုံးသားနံရံမှာ ကဗျာဖွဲ့တော့
ကာရန်တွေလည်း ပျောက်ခဲ့ပြီ,,,,,

ငါနမ်းရှိုက်မယ့် ချစ်ပန်းတစ်ပွင့်
ဒီဇင်ဘာရဲ့ နှင်းစက်အောက်မှာ
ကြွေလွင့်ခဲ့ပြီ,,,,,
★နေခြည်..♪♫

နေခြည်,,,
ရောင်ခြည်တွေဖြာဆင်း
တခဏအလင်းပေးဖို့အတွက်
မနက်ခင်းရဲ့ မင်္ဂလာဦးမှာ
ကြိုနေတဲ့ ပန်းကလေးတွေဆီ
ရောင်ခြည်တွေလှမ်းလာမှာလား,,,,,

နေခြည်,,,
မေတ္တာတွေပြိုဆင်း
အကြင်နာချစ်ခြင်းပေးဖို့အတွက်
သစ္စာရှင် ရင်ခွင်ဦးမှာ
ကြိုနေတဲ့ အချစ်ဦးဆီ
မေတ္တာတွေလှမ်းလာမှာလား,,,,,

နေခြည်,,,
မိုးရိပ်တွေပြေးလွှား
စွမ်းအားမဲ့ အလင်းရောင်
ညိုမှောင်တဲ့ ကောင်းကင်အောက်မှာ
ရောင်ခြည်တွေပျောက်တော့မှာလား,,,,,

နေခြည်,,,
ဂုဏ်ဓနတွေများပြား
ခေါင်းပါးတဲ့ သံယောဇဉ်
မစင်ကြယ်တဲ့ မာန်မာနအောက်မှာ
မေတ္တာတွေပျောက်တော့မှာလား,,,,,
★ကြင်နာတဲ့ ဆေးပေးပါ♪♫

ခဏတာအတွေ့ကို
ရင်မှာပျော်ပြီး
လှပတဲ့စိတ်ကူးနဲ့
ရူးမိုက်တဲ့စိတ်ကို
ငါဘယ်လိုမေ့ဖျောက်ရမလဲ.....

မလွယ်ကူပါဘူး
ထာဝစဉ်ရူးပြီး
လွမ်းခြင်းဝေဒနာကို
ကုစားဖို့အတွက်
ကြင်နာတဲ့ဆေးပေးပါ.....

ကရုနာရှင်လူနာကို
မေတ္တာရှင်မပါဘဲ
သံယောဇဉ်ဆေးအတွက်
၁၅၀၀ ပေးရမယ်ဆိုရင်
ငါ့မှာ ငွေမပြည့်တော့ဘူး.....

မေတ္တာကိုပဓာန
သစ္စာကိုထာဝရထားရင်
ငါ့မှာ ၅၂၈ တော့ရှိတယ်
ယူပါ မိန်းကလေး
မင်းအတွက်
တစ်ချိန်မှာအသုံးဝင်မှာပါ.....
★ ရူးသွပ်မိတဲ့ ပန်းကလေး♪♫

ပန်းလှတပွင့်မှာ
 လိပ်ပြာလေးလို ၀ဲနေမယ်
 အနုသယ ခရီးလမ်းမှာ
 သမုဒယ ဝေဒနာကြောင့်
 အကြင်နာပန်းကို မခူးရက်ပါဘူး-----

 ရူးသွပ်မိတဲ့ အတ္တကြောင့်
 ချစ်တဲ့ပန်းကလေးဟာ
 မေတ္တာဝတ်ရည်ပါမယ်ထင်လို့
 သံယောဇဉ် မျော်လင့်ချက်တွေနဲ့
 ယဇ်မူးတွယ်တာ နမ်းရှိုက်ခဲ့တာပါ-----

 ပန်းကလေးရယ်
 ကြည့်စေလိုရ်ျှ
 အရိပ်အရောင်ပြ
 သိစေလိုရ်ျှ
 နိမိတ်ဆောင်ပြခဲ့တာပါ-----

သို့တိုင်---
ကြည့်လျှက်တမင်
မမြင်ဟန်နှင့်တိမ်း
သိလျှက်မခင်
မကြင်ဟန်ဟန်နှင့်စိမ်းခဲ့ပြန်တော့-----

ငါ့ရဲ့
အသိမရှိတဲ့ဦးနှောက်မှာ
ခံစားတက်တဲ့ နှလုံးသားကြောင့်
အချစ်ဆိုတဲ့ မြှားကလေး
စူးစိုက်နှစ်ဝင်ပြီး
ပန်းကလေးရဲ့အောက်မှာ
ဒူးထောက်ပြီး ကျရှုံးခဲ့ရတာပေါ-----
★ေ၀၀ါးတုန်းပါပဲ♪♫

ခဏတာအတွေ့ကို
ရင်မျာပျော်ပြီး
လှပတဲ့အချိန်အဖြစ်
ထာဝရရှိချင်တယ်.....

ဆုံတွေ့ဖူးတဲ့
အတိတ်ကနေရာကို
ပြန်လည်တမ်းတပြီး
ဘာသာပြန်လွဲမိတော့
ဒဏ်ရာတွေရတော့တာပေါ့.....

မညာချင်ပါဘူး
နှလုံးသားအလိုကြောင့်
မိုက်ခဲ့မိတဲ့ ငါ့အဖြစ်
တွေးချစ်ဖို့တောင်
မ၀ံ့ရဲပါဘူး.....

ခံစားတက်တဲ့
ငါ့ရဲ့နှလုံးသားကို
ရက်စက်မှာမဟုတ်ဘူးလို့
ငါယုံကြည်တဲ့နေမှာ
ချစ်ခွင့်ပန်တဲ့နေပဲ.....

ခြားနေတဲ့ ဘ၀နှစ်ခု
ပေါင်းစုဖို့အခွင့်အရး
ကံကြမ္မာပေးဖို့
ဝေး၀ါးနေတုံးပါပဲ.....
★ထားသခင်♪♫

မဖြစ်နိုင်မှန်း သိပေမယ့်
မိုးစက်လေးတွေကြားထဲမှာ
မောင်ရှာမိသေးတယ် ထားသခင်,,,,,

ခိုက်ခိုက်တုန်အောင် ချမ်းနေပေမယ့်
နှင်းဖြူတွေကို အဖော်ပြုပြီး
မောင်ပြန်ခဲ့ရတယ် ထားသခင်,,,,,

လေတိုက်တိုင်း သတိမရပေမယ့်
သစ်ရွက်ကြွေတိုင်း လွမ်းနေမိတော့
နွေဦးရောက်မှာ ကြောက်မိတယ်ထားသခင်,,,,,

အဆင့်အတန်း မတူတဲ့ဘ၀မှာ
ခံစားမှုတွေဖြစ်ခဲ့တော့
မရေရာအနမ်း
ဝေဒနာအလွမ်းနဲ့
ဒီရင်မှာ နွမ်းမိတယ် ထားသခင်,,,,,
★နေမြင်ချိန်တိုင်း ရူးနေသူ♪♫

ချစ်ခဲ့မိပါတယ်
တစ်ခါလောက်ပါပဲ
စွဲလန်းမိတဲ့
ချစ်ဦးသူကိုလေ,,,,,

မုန်းနေမိပါတယ်
ထာဝရလောက်ပါပဲ
ရိုက်ခက်လွန်းတဲ့
ပတ်ဝန်းကျင်ကိုလေ,,,,,

ပြုံးခဲ့မိပါတယ်
တစ်ခဏလောက်ပါပဲ
ချစ်ခဲ့ကြတဲ့
အချိန်လေးမှာလေ,,,,,

ငိုနေမိပါတယ်
မကြာခဏလောက်ပါပဲ
ချစ်လျှက်နဲ့
ခွဲသွားခဲ့လို့လေ,,,,,

ရူးနေမိပါတယ်
နေမြင့်ချိန်တိုင်းပါပဲ
ရက်စက်လွန်းတဲ့
ကံကြမ္မာကိုလေ,,,,,
★ဘ၀ လက်တွဲဖော်♪♫

ရင်ခုန်သံ သံစဉ်တွေနဲ့
ခဏတာမှေးစက်ခွင့်ရတဲ့
မင်းရင်ခွန်မှာ
အလှနဲ့ သစ္စာကို ဒွန်တွဲပြီး
ဘ၀မှာပျော်ပျော်နေချင်တယ်,,,,,

ခါးသီးတဲ့ အကြောင်းတွေကို
တစ်ဆိတ်လောက်မေ့ထားပြီး
ရင်ခုန်သံတွေပျော်ရွှန်ဖို့
ချစ်ခြင်းဖွဲ့ ကဗျာတစ်ပုဒ်ကို
နှစ်ကိုယ်တူ ရေးဖွဲကြပါစို့,,,,,

ကာရန်မညီနေပါစေ
ဖြူစင်တဲ့စကားလုံးတွေနဲ့
ဆန်းသစ်တဲ့ အတွေးအိမ်မှာ
ဘ၀ရဲ့လက်တွဲဖော်အဖြစ်
အိမ်မက်ထဲသို့ လာခွင့်ပေးပါ,,,,,
★ဝေးကြပြီပေါ့ မိသန္တာ♪♫

ဖြူစင်တဲ့နှလုံးသားမှာ
နားခိုရာအဆောင်တစ်ခုလို
ဝင်ချင်ဝင် ထွက်ချင်ထွက်
ချယ်လှယ်နေတဲ့ မင်းအချစ်က
အဖြေမထွက်တဲ့ ပဟေဠိလို
ရက်စက်ခဲ့တယ် မိသန္တာ,,,,,

နှလုံးသားနာကြဉ်မှုနဲ့
ဆူးခင်းတဲ့ ချစ်လမ်းခရီးမှာ
ကြိတ်မိုတ်ကာလျှောက်လှမ်းပြီး
စူးမိတဲ့ ဆူးတစ်ချောင်းတော့
မမှုပါဘူး မိသန္တာ,,,,,

ဒဏ်ရာ ဗရပွနဲ့
မရေရာနှလုံးသားမှာ
တမ်းတတဲ့ စိတ်တွေ
လွမ်းရတဲ့ ရက်တွေနဲ့
မလှပစွာ ဘ၀ခြားနေတော့
ဝေးကြပြီပေါ့ မိသန္တာ,,,,,

No comments:

Post a Comment