ကဗျာ.....
ကာရန်ကြိုး မိုးသို့ချည်
နဘေစည်းထပ် မြတ်သောအင်္ဂါ
စကားလုံးသီရာ ရေးသွင်း
ဒဏ်ရာမဲ့တေးချင်းတော့ ဖြစ်မလာဘူး......
အလိုပါးလျှ နွေလိုဘ၀နှင့်
မိုးသို့အတွေးစေ......
ညိုညက်ဆဲ မျှော်လင့်ရက်ချွေ
စိတ်အမိုးတွေမှာ ကဗျာစု
စကားလုံးကို ပန်းပုထုတော့
မြင်လေရာ စာရွက်....
ကဗျာမှင်စက်တို့ စွန်းထင်းပေခဲ့တယ်........
ဘ၀နဲ့ ၀ါသနာဗီဇ
ဆန့်ကျင်ရာ တားဆီးကြတော့
ငိုသံချို မျက်ရည်ဥ
ကဗျာလုပ်လို့ မွေးဖွှားသမှု့ ပြုကြပြီး....
ဒီကမ္ဘာ....ဒီအလှ
ကဗျာဘ၀နှင့် ငြိမ်းအေးစေ..........။
No comments:
Post a Comment