Sunday, May 13, 2012

ဖေဖေရေ.....................

ဖေဖေရေ.....................
ဖေဖေဘယ်ဘုံဘယ်ဘ၀မှာရောက်နေပါလိမ့် ။
ဖေဖေ့ကိုသားအိပ်မက်မက်တယ်သားတို့ သားအဖတစ်တွေအတူသွားခဲ့ တဲ့ ဆင်ခေါင်းတောင်မှာလေဖေဖေကိုသားပြန်တွေ့ တယ်တဲ့ ။
သားလေအိပ်မက်ထဲမှာပျော်လိုက်တာဖေဖေရယ်..........................
အိပ်မက်မက်နေမှန်းသိတော့ သားလေအရမ်းဝမ်းနည်းသွားတာပဲ။
 
  ခုဆိုဖေဖေသားတို့ ကိုကျောခိုင်းသွားတာ၃နှစ်နီးပါးရှိပြီနော်။
သား(၇)တန်းနှစ်မှာပဲဖေဖေသားတို့ ကိုထားသွားတယ်လေ။
သားအဲဒီတုန်းကပူဆာခဲ့ တာတွေ၊အရွဲ့ တိုက်ခဲ့ တာတွေကိုနောင်တရမိတယ်။
သားအဲဒီတုန်းကဖေဖေ့မှာသားတို့ ကိုခွဲခွာသွားမယ့် ကင်ဆာရောဂါဆိုးကြီးရှိနေတာသားမသိခဲ့ ရဘူးလေ။
စိတ်ဓာတ်မာကျောတဲ့ နေရာမှာသူမတူတဲ့ မေမေကလည်းသားတို့ ကိုမပြောဘဲသူတစ်ယောက်တည်းကျိတ်ခံစားနေရတယ်လေ။
ဖေဖေ့မှာဒီရောဂါဆိုးကြီးရှိနေတာမေမေနဲ့ ဒေါ်ဒေါ်တို့ ကလွဲပြီးသားတို့ အပါအ၀င်ဘယ်သူမှသိခွင့် မရခဲ့ ဘူးလေ။
ဖေဖေရောသားကပါဖေဖေ့ရောဂါကပြန်ကောင်းလာမယ်လို့ ပဲထင်ထားခဲ.တာလေ။
ဖေဖေဆိုဒီကင်ဆာဆိုတဲ့ ရောဂါဖြစ်နေတာကိုသိတောင်မသိခဲ့ ဘူးလေ
မေမေတစ်ယောက်တည်းသာခွဲခွာသွားတော့ မယ့်ဖေဖေ့ကိုပြုစုပေးနေတယ်လေ။
ပါးစပ်တွေကခါးလိုက်တာဆိုတဲ့ ဖေဖေ့စကားကိုမေမေကနေကောင်းပျောက်မှာမို့ ခါးတာနေမှာဆိုတဲ့ စကားနဲ့ နှစ်သိမ့် ခဲ့ တယ်လေ။
သားတို့ ကတော့ပြောထားတာတွေမလုပ်ပေးလို့ စိတ်ဆိုးမိတယ်လေဖေဖေ့ကို။
မှတ်မိသေးပါတယ်ဖေဖေ့ကိုအကောင်းပကတိနောက်ဆုံးတွေ့ ခဲ့ တာ။
ဖေဖော်ဝါရီလပိုင်းထဲပေါ့ ဖေဖေသွေးတွေအန်ပြီးဆေးရုံတက်လိုက်ရတယ်လေ။
မေမေကတော့ သိလိုက်ပါပြီဖေဖေလောကကြီးကိုခွဲသွားတော့ မယ်လို့ ။
ဖေဖေဆေးရုံမှာသတိလုံးဝလစ်သွားတယ်လေ..............
မေမေကတော့ သားတို့ ကိုမင်းတို့ ဖေဖေကပြန်ကောင်းလာမှာပါဆိုတဲ့ အားပေးစကားပဲပြောနေခဲ့ တယ်လေ။
သားကျူရှင်ပြီးတော့ ဆေးရုံကိုလိုက်လာတော့............................
ဖေဖေလေ.............
ဖေဖေကဘာဆိုဘာမှမသိတော့ ဘူး........................
ကင်ဆာဆဲလ်တွေကဖေဖေ့ ရဲ.အမြင်အာရုံတွေ...........
ထိသိခံစားနိုင်တဲ့အစိတ်အပိုင်းတွေကိုဝါးမြိုသွားတယ်။
ငှက်သိုက်တိုက်တဲ့ ပိုက်ကိုဖေဖေကအသားမှတ်ပြီးဝါးနေတာမြင်တောသားလေဖေဖေ့ကိုအရမ်းသနားမိသလိုဖေဖေသားတို့ နဲ့ ခွဲရတော့ မယ်ဆိုတာသားသိလိုက်ပြီလေ။
မေမေကတော့မငိုမိအောင်မျိုသိပ်ရင်းမင်းတို့ ဖေဖေနေကောင်းလာမှာပါဆိုတဲ့ အားပေးစကားပဲပြောနေခဲ့ တယ်လေ။
နောက်တစ်နေ့ မှာတော့ မေမေတို့ တစ်တွေတိုင်ပင်နေကြပြီလေ..................
ဖေဖေ့ ကိုအိမ်ပြန်ခေါ်တော့ မယ့် အကြောင်းလေ............
နောက်၂ရက်လောက်ဘဲခံတော့ မယ့် အကြောင်းလေ။
ဒီလိုနဲ့ ပဲဖေဖေ့ ကိုအိမ်ပြန်ခေါ်လာခဲ့ တယ်လေ။
ဖေဖေအိမ်ရောက်တော့ ဘာဆိုဘာမှသတိမရတော့ ဘူး။
အလုပ်မလုပ်တော့ တဲ့ အတွင်းကအစိတ်အပိုင်းတွေကြောင့် 
ဖေဖေ့ ရဲ.ဗိုက်ကဖောင်းကားလာပြီးဝေဒနာကိုအော်ဟစ်ပြီးအလူးအလဲဖေဖေခံစားနေရပြီလေ။
သားလေဖေဖေ့ အတွက်အဲတုန်းကဘုရားစာရွတ်ပေးတာကလွဲလို့ ဘာမှမလုပ်နိုင်ခဲ့ ဘူး။
ဖေဖေရယ်သားမှာလေဖြေမဆည်နိုင်အောင်ငိုမိတယ်။
ခုဆိုဖေဖေဆုံးတာ၃နှစ်ရှိပေမယ့် သားအတွက်ကတော့ အဖြစ်အပျက်တွေဟာမနေ့ တစ်နေ့ ကလိုပါဘဲ။
သားလေဖေဖေ့ကိုလောကကြီးထဲကအပြီးတိုင်ခေါ်သွားတဲ့ ကင်ဆာဆိုတဲ့ ရောဂါကြီးကိုတိုက်ဖျက်နိုင်ဖို ဆရာဝန်ဘွဲ့ ကို့ရအောင်ယူမယ်လို့ ဆုံးဖြတ်လိုက်ပြီ။
ဖေဖေ့ လိုမျိုးဝေဒနာကိုလူတွေမခံစားရအောင်သားတတ်အားသရွေ့ တိုက်ဖျက်မယ်လေ။
သားလေဘုရားမှာအရက်၊ကွမ်း၊ဆေးလိပ် အကုန်လှူထားမယ်။
ကင်ဆာဝေဒနာကိုလူတွေကင်းဝေးကြပါစေ.....................................့ ဖေဖေရောက်လေရာဘုံဘ၀ကနေသာဓုခေါ်ပါနော်........................................................
(ဘ၀တစ်ပါးသို.ပြောင်းသွားသောဖေဖေ့အားတမ်းတရင်း).............
၁၃.၅.၂၀၁၂
ညနေ၇း၃၀

No comments:

Post a Comment