လောင်ကျွမ်းခွင့် …
အမှန်ရဲ့အခြားတစ်ဖက်မှာ အမှားရှိမှန်းသိရက်နဲ့
အချိုရဲ့ အခြားတစ်ဖက်က အခါးကို တပ်မက်
ကိုယ်ကိုယ်တိုင်ဝင်စွက်ဖက်ခွင့်မရှိပဲ
နွံနစ်နေတဲ့နှလုံးသားကို လက်ပိုက်ကြည့်နေရတဲ့ အဖြစ်…။
တရားလွန်ရသစွက်ထားတဲ့ ရာသီလွန်မုသားက
ရင်ကိုဖောက်စားတဲ့ ပြဿဒါး တဲ့လား
ဒါဆို ..အနာဂတ်ကို ဖွင့်တဲ့သော့
ငါတို့စွန့်ပစ်လိုက်ကြရုံ …။
အထပ်မှားပြီးတက်သွားမိတဲ့ နောင်တထဲမှာ
မျက်ရည်ကျခွင့်မရှိတဲ့သရုပ်ဆောင်မှု
ဘယ်သူသိဦးမလဲ ..
တကယ်တမ်း ..တောမကျွမ်းတဲ့ မုဆိုးအတုက ငါဖြစ်ခဲ့တာ …။
ပြဿနာတော့မရှိပါဘူး ..
လရောင်ကျရင် ယင်းထလာတတ်တဲ့ အဲဒီဒဏ်ရာ
ဘ၀အမှောင်ကျချိန်တိုင်း လင်းမြစေမယ့် အလွမ်းဖြစ်စေလို့
မောင်..ရေ
ဥပက္ခာလက်တစ်ကမ်းက ကျွန်မ
တစ်သက်စာလွတ်လပ်စွာ လောင်ကျွမ်းခွင့်
မောင့်ဆီက ..ခွင့်ပြုချက်မယူလဲ ဖြစ်ရဲ့မဟုတ်လား …။ ။
နာကျဉ်မှုတွေက
ကဗျာတစ်ပုဒ်ဆိုရင်
အဲဒီစာမျက်နှာကို
ငါ..ကျော်ဖတ်ပစ်လိုက်ချင်တယ်.

No comments:
Post a Comment