Wednesday, May 2, 2012

လရောင်စောင့်တဲ့ ပင်လယ်(ပပသင်းစည်)

လရောင်စောင့်တဲ့ ပင်လယ်


ဆောင်းနှင်းမအေးလို့
နေပူစာ မလှုံတော့ဘူးလား
ဒါဆို နေရောင်လေး အလကားဖြစ်တော့မယ် …..။

ရထားမမီတော့လို့
လှေမစီးတော့ဘူးလား
ဒါဆို ခရီးသွားရတဲ့ ပျော်ရွှင်မှု ဘယ်ရှိတော့မလဲ ………။

အချိုမကြိုက်လို့
အစပ်မစားတော့ဘူးလား
ဒါဆို ပြည့်စုံတဲ့ ခံစားမှု ဘယ်သိပါ့မလဲ ………။

ဘ၀ရဲ့ ဆူကြုံနိမ့်မြင့်ကို သိဖို့
နေပူစာလဲ လှုံသင့်တယ်
လှေကြုံလည်း စီးသင့်တယ်
အရသာလည်း မြည်းတတ်ရမယ် ……….။

အဲဒီစောင်းကြိုးကို တီးခတ်တာက မင်းဆန္ဒ
ငြိမ့်ညောင်းသံထွက်မလာတာက ကံတရားအလိုကျ
ကဲ …ဒီလိုနဲ့ ပတ်စာခွာ ကန့်လန့်ကာချ
အနာဂတ်အတွက် ယိမ်းမကတော့ဘူးလား
ထိန်းရခက်တဲ့ ဗိုင်းရပ်စ် ကိုသတ်ဖို့
ဝင်းဒိုးအသစ်တင်ရမယ့် ပစ္စုပ္ပန် အတွက်
ငါးမရ ရုံနဲ့ လှည့်ပြန်မယ့်အစား
ရေချိုးခွင့်ပေးထားတဲ့ ပင်လယ်ကို
တကယ် …. ငဲ့မကြည့်သင့်ဘူးလား ….. ။ ။

No comments:

Post a Comment