Wednesday, September 5, 2012

“တိမ်ရောင်တွေကြားက..လမင်း”



တိမ်သားမှာ ညိုပြာလှ မှောင်ရီခြယ်တယ်
လမင်းသာ ဖြူစင်တမျှ အပြစ်ကင်းဘွယ်
ဖုံးလွှမ်းနေ တိမ်သားတွေ လရိပ်ဘယ်မှာနေ
(အိုကွယ်) ညှို့တယ် မိုးရယ် လွင့်စင်ပြေးအဝေးဆုံးသို့လေ။
သာသောအခါ ပြည့်ပါလ တိမ်ကင်းစင်တယ်
ကောင်းကင်မှာ ကြယ်တွေခ လရိပ်နားကွယ်
ကြည်လင်စေ အပြုံးဝေ ရွှန်းလဲ့နေ လပြည့်နေ့လေ
(အိုကွယ်) ပျော်တယ် မြေတလင်းဝယ် အလှပေါင်းဝေ  ခညောင်းစေတယ်။

No comments:

Post a Comment