Wednesday, September 5, 2012

ချစ်လူမိုက်...လေး


မနက်ဆိုလည်းနေလို့မရ
ညနေဆိုလည်းနေလို့မရ
တမ်းတငေးငိုင်
မှိုင်တိုင်တိုင်ဖြစ်နေရတာ


သတိရတာ....လွမ်းတယ်ဆိုရင်
ကိုယ်လေမင်းကိုလွမ်းနေတယ် ခင်.......။
အချိန်တိုင်း လွမ်းနေတာ...သိပ်ချစ်နေလို့ ဆိုရင်
မင်းကိုသိပ်ချစ်နေ တယ် ခင်..........။
သိပ်ချစ်နေလို့...မှန်း
 နဖူးလေးနမ်းမိတုန်းက..
အထူးဆန်းအပြုံးလေးနဲ့ငြိမ်နေတယ် ...။
တချိန်က  ပါးကလေးနမ်း
အရမ်းအရမ်း ဆိုးကြောင်း
မျက်စောင်းလေးနဲံ    ကြည့်။
နှုတ်ခမ်းချင်း ထိမိတော.လည်း..
သူများတွေသိမယ်   ကိုရယ်...ကွယ်တဲ့..။
တကယ်ပါနော်...ဆိုတော့
ပျော်နေအောင်ခေါင်းညှိမ့်ပြ
ရေလိုအေးမြတဲ့...
အပြုံးလှလှနဲ့  အသက်သွင်းပြီး
လက်ငင်းကြီး ပြောင်းလွဲ
သူငယ်ချင်းဘဲလုပ်ရအောင်လို.
ဟိုရှောင်ဒီရှောင်ယောင်တောင်တောင်နဲ.
ကောင်မလေးလား  မမလား
ဘာလားညာလား  ယောင်ဝါးဝါးနဲ့
ရီးစားထားတယ်အချစ်များတယ်
ဟိုစကားဒီစကား  လာမစားနဲ့
နေ့လားညလား
မမေးအားဘူး
ချစ်တယ်ချစ်တယ်
သိပ်ချစ်တယ်လို.
အနမ်းရယ်
အလွမ်းရယ်ပေါင်း
ချစ်သူဖြစ်ကြောင်း ကြော်ငြာလိုက်တယ်
ချစ်လို့မိုက်တယ်...သိပ်ကြိုက်တယ်
..တတိုင်းမွှေး။  ။
              +++စံလွန်းတင်+++        

No comments:

Post a Comment