Wednesday, September 5, 2012

အခါလွန်မိုး





တူယှဉ်ကာ ချစ်ဖို့အရေး
ပျော်ရွှင်စွာ ရင်ခုန်နေရင်း
ငါဟာ..........
တူယှဉ်ကာ ချစ်ဖို့အရေး
လေထဲမှာ တိုက်အိမ်ဆောက်နေခဲ့တယ်
ပျော်ရွှင်စွာ ရင်ခုန်နေရင်း
ငါဟာ..........
လေထဲမှာ တိုက်အိမ်ဆောက်နေခဲ့တယ်
ရင်ထဲက မေတ္တာစကား
ဖွင့်ဟပြောဖို့ စိတ်ကြံရွယ်တုန်း
ကြားလိုက်ရတဲ့ သတင်းဆိုးက
ငါ့အသက်နှင့်ထပ်တူ ချစ်ရသူမောင့်သည်းအူမှာ
သူ့အသက်တမျှ ချစ်ခင်ရသူ
ရှိနှင့်ပြီတဲ့......
ပန်းပွင့်ကလေးများ
ပွင့်လန်းဖို့ ဖူးငုံနေတုန်း
လေပြင်းတိုက်လို့ မြေခသလို
ငါ့အသည်းပန်းဟာ သေဆုံးခဲ့ရတယ်.........
ဖြေမဆည်နိုင် စိတ်ဘ၀င်ထဲ
ယောကျာင်္းတန်မဲ့ မျက်၇ည်ဥများ
အခါလွန်မိုးလို သွန်းဖြိုးလာတယ်
မျက်ရည်ကိုသုတ် ခေါင်းကိုငုံ့ကာ
ဆိုလိုက်တဲ့ သစ္စာစကားက
နောင်သံသရာ ဘ၀များသို့တိုင်
မကုန်နိုင်တဲ့ မေတ္တာများနဲ့
ရင်ထဲကပဲ ချစ်နေတော့မယ်..........
ရင်ထဲက မေတ္တာစကား
ဖွင့်ဟပြောဖို့ စိတ်ကြံရွယ်တုန်း
ကြားလိုက်ရတဲ့ သတင်းဆိုးက
ငါ့အသက်နှင့်ထပ်တူ ချစ်ရသူမောင့်သည်းအူမှာ
သူ့အသက်တမျှ ချစ်ခင်ရသူ
ရှိနှင့်ပြီတဲ့......
ပန်းပွင့်ကလေးများ
ပွင့်လန်းဖို့ ဖူးငုံနေတုန်း
လေပြင်းတိုက်လို့ မြေခသလို
ငါ့အသည်းပန်းဟာ သေဆုံးခဲ့ရတယ်.........
ဖြေမဆည်နိုင် စိတ်ဘ၀င်ထဲ
ယောကျာင်္းတန်မဲ့ မျက်၇ည်ဥများ
အခါလွန်မိုးလို သွန်းဖြိုးလာတယ်
မျက်ရည်ကိုသုတ် ခေါင်းကိုငုံ့ကာ
ဆိုလိုက်တဲ့ သစ္စာစကားက
နောင်သံသရာ ဘ၀များသို့တိုင်
မကုန်နိုင်တဲ့ မေတ္တာများနဲ့
ရင်ထဲကပဲ ချစ်နေတော့မယ်..........

No comments:

Post a Comment