Monday, May 28, 2012

ပြစ်မထားပါနဲ့ ကို

ချစ် သာ အတောင်ပံတစ်စုံ
ရှိခဲ့မယ်ဆို
ကို ဆီကိုအရောက်ပျံလာခဲ့မှာပါ
ချစ်သာ တိမ်တိုက်ကလေးဆို
ကို ရှိတဲ့အရပ်ကို
ရွေ့လျားလာခဲ့မှာပါ
ချစ် သာကြယ်ပွင့်လေးတစ်ခုဆို
ကို ရှိနေမဲ့ နေရာကို
စောင့်ကြည့်နေမှာပါ
ချစ် သာလေပြေလေညှင်းလေးဆို
ကို ကို့အေးမြစေနိုင်မှာပါ
နှလုံးသားထဲကနေရာတစ်ခုမှာ
ကို ကလွဲလို့ တစ်ခြားတစ်ယောက်ကို
လက်ခံဖို့ဆိုတာ အခက်ခဲဆုံး အလုပ်ပါ
အနေတွေဘယ်လောက်ဝေးဝေး
အချိန်တွေဘယ်လောက်ပြောင်းပြောင်း
မိုင်တွေ ဘယ်လောက်ကွာကွာပါ
ကို ကို့ချစ်တဲ့စိတ်ကတော့
ဆံချည်မျှင် လောက်တောင်ပျက်မှာမဟုတ်ဖူးနော်
ဒီတော့လေ
ကို ကို့တမ်းတနေတဲ့
ကိုကို့လွမ်းဆွတ်နေတဲ့
ချစ်နှလုံးသားကိုတော့ အကြာကြီး ပြစ်မထားပါနဲ့နော်


No comments:

Post a Comment