Sunday, June 3, 2012

တစ်ဖက်ကျန်ဘဝ

တစ်ဖက်ကျန်ဘဝ

ပြင်ဆင်ခွင့်မပေးတော့ဘူးရင်
ရင် နဲ့ ဘာလို့ချစ်ခဲ့လဲ..
တစ်ပင်လဲရင် တစ်ပင်ထူဖို့အတွေးနဲ့
ရင်ကွဲအောင် တမင်မူခဲ့တဲ့ ဥပက္ခာတွေ

ထုဆစ်သွားသူက အနိုင်
အမုန်းပြိုင်ရင် ငါအရှုံး
ဘ၀ဆိုတာ ရစ်လုံးလိုပဲမဟုတ်လား..။
ဆက်ထုံးများတဲ့ သံယောဇဉ်ကို
ပျက်သုန်းဖို့ ဆုံးဖြတ်တာက
အဖြေမှ မဟုတ်ပဲ.။
လက်ကျန်ဝေဒနာတွေကို ငေးရင်း
ယဲ့ယဲ့လေး ဆွေးခွင့်ပေးထားတာကိုက
ကျေးဇူးတင်စရာ ..။
ဝါသနာအရ လွမ်းရတာမျိုးမဟုတ်ပဲ
နောက်တစ်လှမ်း ဆက်သွားရမယ့် မနက်ဖြန်ကို
တစ်ဖက်ကျန်နေတဲ့ ဖိနပ်တစ်ရံလိုမျိုး
အဲဒီမိုးထဲလေထဲမှာ
အဆိုးရွားဆုံးလောကဓံကို ကိုးကွယ်ရင်း..။

No comments:

Post a Comment