Monday, April 30, 2012

ချစ်သူသို့ ၅


ချစ်သူသို့ ၅

သုံးဆယ်ကျော်တာတောင် မလိမ်မာဘူး
ဒီအရွယ်ကြီးရောက်ကာမှ စိတ်ထဲကစာမေးပွဲကျတယ်
ညီမလေးရယ်ငါ့ကိုရိုက်ပါ....။

 ကျန်တဲ့သူတွေပြန်သွားကြပြီ
ဘယ်ဆီကိုသွားဖို့ ငါကကျန်ခဲ့တာလဲ...။

ကိုယ့်ကိုကိုယ် တစ်ခန်းလုံးမီးဖွင့်ပြီး
ကပိုကယို ပွင့်လိုက်တာ..
ညီမလေးရယ်စိတ်ထဲကစာမေးပွဲကျတယ်။

တကယ်တော့လည်း လောကဓံဆိုတာ ကိုယ်ခံစားမှဖြစ်တဲ့အရာပါ
လမ်းထိပ်ကခွေးကြီးထက် နည်းနည်းပဲပိုဝါတယ်

ဟောကိုရင်တစ်ပါးက အုံးမောင်းခေါက်သံ လက်ဆောင်ပါးတယ်
မကြာခင်၆နာ၇ီနေ၀န်း ဆိုက်ရောက်တော့မှာပါတဲ့။

ညီမလေးရယ်...
မြင်းရထားတွေကို လက်ပြမတားတော့ပါဘူး
ကိုယ့်ဖိနပ်လေးနဲ့ပဲ ကိုယ်သွားကြမယ်။
အဝေးကြီးကိုရောက်ချင်မှတော့
လမ်းတို့ရဲ့အလျားကိုလည်း ရင်ဆိုင်ရဲရမှာပေါ့။

တာရာမင်းဝေ

No comments:

Post a Comment