Thursday, May 17, 2012

အန်စာတုံး

အန်စာတုံး
နိုင်းနိုင်

ကျုပစ်ကစားနည်းတခုလို
ညှိယူဖို့ကလည်း
အချိန်မရှိတော့ပါဘူးတဲ့။


လူတချို့အတွက်သာပဲ
သူ့ခန္ဓာတခုလုံး ဒလိမ့်ခေါက်ကွေး လဲပြိုခဲ့ရ
သူ့ကိုယ်ပေါ်က ဂဏန်းတွေ ပြန်ဖတ်ဖို့တော့
သူ့မှာ မျက်စိမပါခဲ့၊
သူ့မှာ မျက်စိမပါကြောင်း ပြောပြဖို့လည်း
သူ့မှာ ပါးစပ်မပါခဲ့။ ။

နိုင်းနိုင်

No comments:

Post a Comment