Thursday, May 17, 2012

အိပ်ရာဝင်ခြင်း

အိပ်ရာဝင်ခြင်း
နိုင်းနိုင်

ငါက
ပေါင်မုန့်ကို ဖဲ့စားတယ်။
ပေါင်မုန့်က ငါ့ကို ပြန်ဖဲ့စားတယ်။


ငါက
မုန်တိုင်းတခုကို ကတ်ကြေးနဲ့ ညှပ်ပြီး
အင်္ကျီချုပ်ဝတ်တယ်။
မုန်တိုင်းက
ငါ့ဦးနှောက်ကို တစစီ ဆွဲဖဲ့ပစ်လိုက်တယ်။

အမှောင်ကိုကြောက်လို့
၁၅၀၀ ၀ပ်အား မီးသီးတလုံးကို
ငါ မျိုချလိုက်တယ်။

ပြီးတော့
ငါ့ဦးခေါင်းထဲက မီးခလုတ်ကို ပိတ်ပစ်လိုက်တယ်။ ။

နိုင်းနိုင်

No comments:

Post a Comment