Wednesday, May 16, 2012

ကိုယ်တိုင်ရေးရာဇ၀င

အမှားမှားအရွင်းရွင်း
နိုးထခဲ့တဲ့ လူတယောက်ပေါ့...

အဲ့ဒီမှာ သခင်စွန့် သွားတဲ့
ပန်းတပွင့် ပွင့်ခဲ့ဖူးတယ်။


ယုံကြည်လို့ ပုံအပ်ခါမှ
အသေသတ်ခံရတဲ့
ရင်ခုံသံ အဆွေးအမြေ့တွေ ရှိတယ်။

ကဲ ဘယ်လိုသံစဉ်ညှိမလဲ
သူကတော့ အရုပ်ကြိုးပြတ်ပဲ။

ချမ်းသာပေးလိုက်ပါကွာ
(သူ က) မျှော်လင့်ချက်နဲ့ 
ရှင်သန်နေရရှာတာ။

အိမ်မက်တွေ ရိုက်ချိုးခံလိုက်ကတာပေါ့
ပိတောက်ပင် ခြေရင်းမှာ...
သူကတော့ ခေါင်းငိုက်စိုက်ပဲ။

မနက်ဖြန်ဆိုတာ ဘာလဲ
သူ့ မှာ ရက်စွဲတွေ မရှိတော့တာကြာပြီ။

တခါတရံ သူမနာမည်ကို
မြတ်နိုးစွာရေရွတ်...

တခါတရံ သူမပျော်ရွင်ဖို့ 
ရူးသွပ်စွာဆုတောင်း...

ကဲ ဘယ်လိုသံစဉ်ညှိမလဲ
သူကတော့အရုပ်ကြိုးပြတ်ပဲ။

No comments:

Post a Comment