Wednesday, May 16, 2012

အိမ်မက်ဆိုး

ရင်ခုန်ရယုံ ချစ်ခဲ့ကြတာမျိုးမှ
မဟုတ်တာပဲကွာ။
ရင်ထည်းကမလာတဲ့ စကားတွေနဲ့ 
ပြစ်ခွင်း...

ငါ့ကိုမှ နာကျင်အောင်လုပ်ခြင်ရတာလဲ။
နှလုံးသာခြင်းပြောတဲ့စကားကို
ဆန့် ကျင်ရတာ ခက်ခဲလွန်းပါတယ်။
မနေ့ ကထိ ငါတို့ အနာဂတ်တွေ
တောက်ပနေခဲ့သေးတာပဲ...
ဘာလို့ အရောင်တွေဆိုးမလဲ ?

တောင်းပန်တဲ့  စကားသံတွေကလဲ
နင့်နားနဲ့ အပြည့်....
နားလည်တဲ့ နင့်အကြည့်တွေကလဲ
ငါ့ရင်ကိုတိုးဝှေ့ ...
ခြွင်းချက်မရှိ လက်နက်ချလို့ 
ငါ့နှလုံးသားတခုလုံး
နင်ပိုင်စိုးနေပြီပဲ...
ဘာအတွက် စစ်ခင်းနေဦးမှာလဲ ?

အရင်ကတို့ ပျော်ခဲ့ကြတဲ့
အချိန်တွေကိုတွေး...
ဘယ်သူက အကြောင်းမဲ့
လွမ်းခြင်မှာလဲ...။

နင့်အတွက် ငါဒီကဗျာကိုရေးတယ်
ငါ့အတွက်ကော ဘယ်သူက
ဆွေးပေးမှာလဲ
ကောင်မလေး....
ငါဒူးတွေထောက်ထားတယ်။

No comments:

Post a Comment