Tuesday, June 26, 2012

ဂီတာအိုလေးရဲ့ ရှိုက်သံ

ဂီတာအိုလေးရဲ့ ရှိုက်သံ

အလွမ်းတစ်စကို
ရင်ထဲကဆွဲထုတ်လိုက်တိုင်း
မျက်ရည်စလေးတွေ နောက်က ကပ်ပါလာတယ်....။

လွမ်းတိုင်တီးဖြစ်တဲ့ 
ငါ့ရဲ့ ဂစ်တာအိုလေးကလည်း
အလွမ်းကြိုးတွေတတ်ထားမိတယ် ထင်ပါရဲ့
ရှိုက်သံသဲ့ သဲ့ လေးတွေ ကြားနေရတယ်........။

အိမ်ရှေ့ က သစ်ပင်အိုလေးရယ်
မရေးဖြစ်တော့တဲ့  ငါ့ရဲ့  ဒိုင်ယာယီ စာအုပ်ဟောင်းလေးရယ်
အိပ်ယာထဲက နင့်ရဲ့ ဓါတ်ပုံဟောင်းလေးရယ်
ကြယ်မစုံတော့တဲ့  ကောင်းကင်ကြီးရယ်
အရာအားလုံးက ငါ့ကိုလှောင်ပြောင်နေကြတယ်လေ.......။

နင့်ကြောင့်ငါ့ရင်တစ်ခုလုံး စုတ်ပြတ်ခဲ့ ပေမယ့်
နင့်နှလုံးသားမှာ ဒဏ်ရာရပါစေလို့ ဆန္ဒမျိုးငါ့မှာမရှိခဲ့ ပါဘူး
အရင်လို့ ချစ်တယ်လို့ ပြောခွင့်မရှိတော့ပေမယ့်
သတိရတယ်လို့ တော့ ပြောခွင့်ရချင်ပါသေးတယ်....................။

တစ်ချိန်က နင်နားထောင်ဖို့ 
တီးခက်ပေးခဲ့ တဲ့  ငါ့ရဲ့ ဂစ်တာအိုလေးကလည်း
နားဆင်သူမရှိဘူးထင်ပါတယ် ချစ်သူရယ်
ညညရှိုက်သံသဲ့ သဲ့ လေးတွေ နားထဲကြားယောင်နေမိတယ် ..............။
 
ဖိုးခွားလေး (ကော့မှုး)

No comments:

Post a Comment