Friday, August 10, 2012

အမေ့လက်


ဘ၀နံနက်ခင်းတွေမှာ
မေတ္တာရေတွေနဲ့

မျက်နာသစ်ပေးခဲ့တဲ့
အမေ့လက့်။။
စကားရယ်မပြောနိုင်သေး
သာငယ်ပါးစပ်ထဲကို
စာစရာတွေခွင့်ကျွေးခဲ့တဲ့
အမေ့လက့်။။
မျက်ချေးမျှမကဘူး
စွန့်သမျှကျင်ကြီ့းကျင်ငယ်
စင်ကြယ်အောင်သုတ်သင်ပေးခဲ့တဲ့
အမေ့လက့်။။
မိန်းမသားပေမယ့်လို့
သားသမီးအတွက်ဆိုရင်
အားအင်တွေပြည့်နက်နေတဲ့
အမေ့လက့်။။
ပျင်းစရာလို့မမြင်
ဟင်းလျာတွေကိုလည်း
အရံသင့်ဖန်းဆင်းပေတဲ့
အမေ့လက့်။။
ဘ၀ပေးအချေနေအရ
ရွှေဓနတွေမခြံရံပေမယ့်
အမှန်ကန်ပေးချင်တဲ့
အမေ့လက့်။။
မမေ့ရက်စရာအမေလက်သည်သာ
ကမ္ဘာမှာအလှဆုံးလက်လို့ထင်။။

No comments:

Post a Comment