Monday, May 28, 2012

မိုးနဲ့လွမ်းလျှက်...ကျွန်တော်မိုးစက်

မိုးသဲည မီးကမလာ
ဝိုးတ၀ါး အလင်းလေးကမှိန်မှိန်
ဖယောင်းတိုင်လေး ထွန်းနေချိန်
ရင်ထဲကဝေဒနာတွေ စာလုံးများအဖြစ်ပြောင်းလဲစေ
ကဗျာဆိုတဲ့ ကာရန်တွေအောက်
ငါ့နှလုံးသားလေး ရောက်ရှိခဲ့ပြီ
အတွေးလေးတွေကဟို...အတိတ်ဆီ။ ။

ရင်ထဲအသဲက အသက်လောက်ချစ်သူ
မိုးရေတွေကြား တို့နှစ်ယောက်အတူတူ
ကောင်းကင်ကလည်းမိုးစက်တွေကျ
မြေပြင်မှာလည်း မိုးစက်ကျွန်တော်က
ချစ်သူရဲ့ပါး အနမ်းဖွဖွခြွေကာချ
ရင်ခုန်သံမြန်နူံးများက မိုးချိန်းသံကိုလွမ်းကာထား
မျက်ဝန်းများက ရီဝေသွားခဲ့ကြတယ်.။။။ ။။

တိတ်တဆိတ်နဲ့ ရင်မှထွက်ခွာ
လွမ်းလို့ကျန်ဆဲ ဒီမိုးသည်းမှာ
တို့နှစ်ယောက် လမ်းခွဲမိုးရေတွေထဲ
လှမ်းလို့အော်ခေါ် ချစ်သူကြားပါစေသော်
သြော်..ချစ်သူ မင်းကလှည့်မကြည့်
ကျောခိုင်းထွက်ခွာ ပြစ်သွားရက်ပါဘိ
မိုးသည်းသည်းထဲ လမ်းခွဲသွားတဲ့ ချစ်သူရယ်
ဒီနေ့ထက်တိုင် မိုးသည်းညမှာ မိုးစက်ငါက
လွမ်းနေဆဲပါ လွမ်းမြဲပါ မိုးနတ်မင်းကြီးအသိပါ..။။ ။။

မိုးစက်မောင်မောင်(ရွှေညာသား)

No comments:

Post a Comment